အမှတ်တမဲ့မှသည် ..(အပိုင်း၂)

616 46 4
                                    

Unicode

အမှတ်တမဲ့မှသည် . . . ( အပိုင်း၂ )

" Hello .. Gulf Kanawut ပြောနေပါတယ် "

" Hello ... Mew Entertainment က ပါ "

" ဟုတ်ကဲ့ ခင်ဗျ "

" လူကြီးမင်းရဲ့ အလုပ်လျှောက်လွှာ
တွက် . . နေ့ မနက် ၁၀ နာရီမှာ အင်တာဗျူး လာခဲ့ဖို့ အကြောင်းကြားတာပါ ရှင် "

" ဟုတ်ကဲ့ခင်ဗျ လာခဲ့ပါမယ်
ကျေးဇူးပါခင်ဗျ "

" P' May "တစ်ဘက်က လေးလေးအစ်အစ်
အသံလေးကြောင့် ဘာရယ်ကြောင့်မှန်းမသိ
တစ်ယောက်ထဲ ပြုံးမိသွားတယ်။

မနေ့ကတည်းကလည်း အင်တာဗျူး
စာရွက်လေး ငါး ရွက် ကိုယ့်စားပွဲပေါ်
လာတင်ပြီး
" Gulf Kanawut "ဆိုတဲ့ ကောင်လေးရဲ့ ဓာတ်ပုံကိုသေချာကြည့် ကြည့်ပါ
" P' May "လို့ လာပြောပြတဲ့ကိုယ်တို့ရဲ့ "CEO" ကြီးကို လည်း ထူးဆန်းနေမိတယ်

. . . .

Gulf တစ်ဘက်က အမကြီးနဲ့
ဖုန်းပြောလို့ ပြီးချိန်မှာ တော့ . . .

" Yes " ဆိုပြီး လက်သီးကို
မိုးပေါ်မြှောက် အော်လိုက်မိတယ် ။

Gulf . . " မဲ မဲ . . ဖော ရော ဖော "

သားတော်မောင် " Gulf "အသံစာစာကြောင့်
မဲဖြစ်သူရော ဖော ဖြစ်သူပါမကျန်
သူ့အနား ‌ရောက်လာကြတယ်။

Gulf . . " မဲ . .ဖော သား အင်တာဗျူး
ပါတယ် သိလား "

Gulf ' mom & Dad . . "ဖော တို့
ကြားပါတယ်ကွ။
မဲလည်း ကြားပါတယ် သားငယ်ရဲ့ . .
မဲ နဲ့ ဖော ပြောချင်တာက ဒါ သားရဲ့
ခြေလှမ်းအစပဲ . .ရှိသေးတာနော် . . .
နိုင် နိုင် . . ရှုံး ရှုံး သားဘက်က
ကြိုးစားရမှာ . . ကြားလား သားငယ် "

Gulf . . " ဟုတ်ခင်ဗျ "

Gulf ' mom & Dad . . " သား ရှေ့မှာ အများကြီး ကြိုးစားရမှာတွေက
စောင့်ကြိုနေမှာ၊ ခက်ခဲတဲ့အရာတွေ
ရှိလာနိုင်မယ်၊ အတားအဆီးတွေ
တွေ့လာနိုင်မယ်၊ ဒါတွေကို
" သား "ခံနိုင်ရည်ရှိရမယ် ဇွဲရှိရမယ် . ..။

မဲနဲ့ဖောကလည်း "သားရဲ့"ရှေ့မှ မားမားမတ်မတ်ကာကွယ်ပေးသလို
သားရဲ့ နောက်ကလည်းအားပေးနေမှာပါ။ "

မိဘနှစ်ပါးနဲ့ စကားပြောပြီးချိန်မှာတော့
Gulf ဖုန်းနံပါတ် တခုကို ကောက်နှိပ်
လိုက်တယ်။

အမှတ်တမဲ့မှသည် ..... حيث تعيش القصص. اكتشف الآن