အမှတ်တမဲ့မှသည်(အပိုင်း၈)

560 42 2
                                    

Unicode

အမှတ်တမဲ့မှသည် . . .( အပိုင်း ၈ )

" MEW "

ချိုလွင့်နေတဲ့ အသံလှိုင်းလေး . .

MEW ခေါ်သံကြားလို့ လှည့်ကြည့်
လိုက်မိတယ်။

💘💘💘💘💘

ဒယ်ဒီနဲ့လုပ်ငန်းပါတနာတစ်ဦးရဲ့
ပါတီပွဲ မှာFai  ရောက်နေခဲ့တယ်။
ထိုင်းနိုင်ငံရဲ့လက်ချိုးရေးလို့ ရတဲ့
သူဌေးကြီး တွေထဲ တစ်ဦးအပါအဝင်
ဖြစ်တော့ ဧည့်ခန်ပါတီကြီးက
တော်တော်လေးကို ကြီးကျယ် ခမ်းနား
လှတယ်

သူဌေးတွေ လုပ်ငန်းရှင်တွေသာမက
Celebrity တွေကို ဖိတ်ကြားထားနိုင်တော့
လူစုံ အလွှာစုံ အရောင်စုံတွေ
လှပတောက်ကြွားနေတော့တယ်။

အဝတ်အစားဒီဇိုင်းနဲ့ ပတ်သက်ပြီး
နိုင်ငံခြားမှာ ကျောင်းတက်ပြီး
Fai ထိုင်းပြန်ရောက်တာမကြာသေး . .

ဒယ်ဒီနဲ့သာ လိုက်လာခဲ့ရတာ
အသိမိတ်ဆွေသိပ်မရှိ ယောင်န န
ဒါဘယ်သူ ဟိုလူက ဘာဆိုပြီး
ဒယ်ဒီ လက်ညှိုးညွန့်ရာ လိုက်ကြည့် ခေါင်းညိတ်ရတာ။
ဒယ်ဒီ သူ့မိတ်ဆွေတွေနဲ့ စကားဖောင်ဖွဲ့
နေတုန်း အချိုရည်တစ်ခွက်ကိုင်ပီး
Fai  ဖျော်ဖြေရေးစင်ကြီးရှိတဲ့
ရေကန်ကြီးနားကိုလျှောက်လာခဲ့တယ်။

နာမည်ကြီး ဒီဇိုင်နာတစ်ဦးရဲ့ လက်ရာ
အကောင်းစား Suiteနဲ့  စားပွဲမှာထိုင်နေတဲ့
စမတ်ကျကျလူနှစ်ဦး . . 
အရပ်ရှည်ရှည်နဲ့ မျက်နှာပေါက်ကလည်း
ဆင်သယောင်လို့ Fai ထင်မိတယ်။

ဒီဇိုင်းပညာကို သင်ယူခဲ့တော့ သူ့တို့‌
ကိုယ်ပေါ်ကအင်္ကျီလက်ရာရှင် ဘယ်သူဘယ်ဝါဆိုတာကို
စိတ်ဝင်စားပြီး ကြည့်မိတာ။
နောက် ကြည့်နေရင်းမှ တစ်‌ယောက်ကို
သိသလိုလို မှတ်မိသယောင် ဖြစ်လာတယ်။
မီးရောင်စုံတွေနဲ့ ဆိုတော့ သိပ်မသဲကွဲတာနဲ့
အနားလျှောက်သွားလိုက်တယ်။

တဖြည်းဖြည်းနီးလာလေ ရုပ်ကို
မှတ်မိသလိုဖြစ်လာတာမို့ သေချာအောင်
Fai ခေါ် ကြည့်လိုက်တယ် . .

MEW.

MEW Suppasit ဟုတ်လားဟင်

MEW ကိုယ့်ကိုခေါ်လိုက်တဲ့ အသံကြောင့်
လှည့်ကြည့်လိုက်မိတယ်။

အမှတ်တမဲ့မှသည် ..... Where stories live. Discover now