အမှတ်တမဲ့မှသည်(အပိုင်း၃)

553 45 1
                                    

Unicode

အမှတ်တမဲ့မှသည် . .  ( အပိုင်း ၃ )

ကိုယ်‌တေနဲ့တွဲပြီး သရုပ်ဆောင်ပြမယ့်
တစ်ဘက်က လူရဲ့ နာမည်က . . . 

" Mew Suppasit "  တဲ့ 

ထိုင်ခုံပေါ်မှာ ထိုင်နေကြတဲ့
ကောင်လေးတွေကိုဇာတ်ညွှန်းစာရွက်တွေ လိုက်ပေးရင်းနဲ့ " P' May "သတိထား
ကြည့်မိတာက ထိပ်ဆုံးခုံမှာ ထိုင်နေတဲ့
အရပ်ရှည်ရှည် အသားညိုဝင်း ဝင်း
ကောင်လေး တစ်ယောက်. .

အင်တာဗျူ ဖြေရမယ်ဆိုရင်
အများစုတွေကအနည်းနဲ့အများတော့
စမတ်ကျကျ စတိုင်ရှိရှိ
ဝတ်စားတတ်ကျပေမယ့် . . .

ဒီကောင်လေးကတော့
ရှပ်လက်ရှည်အဖြူကို
လက်ခေါက်ထားပီး ဂျင်းပန်ပြာခပ်စိုစို
အပေါ်တဝက်ထုတ်ဝတ်ထားတဲ့
သူ့ပုံစံလေးက ရိုးရှင်းလှပေမယ့်
သူ့အရပ်အမောင်း သူ့ရုပ်ရည်နဲ့  တော့
တစ်မျိုးကြည့်ကောင်နေတာ
' May ' ဝန်ခံရမှာပေ။

" imm . . Mew မြင်တတ်တာလဲ
မလွန်ပါဘူးလေ " လို့  လည်း
" May " တွေးမိလိုက်တယ်။

ကိုယ့်အသက်ထက်ဝက်မက
ဒီအနုပညာလုပ်ငန်းပတ်ဝန်းကျင်
လောကမှာ ကျင်လည်နေတဲ့
" May " တစ်ယောက် ဘယ်သူ့ကို
ဘယ်လို ဘယ်ပုံလေ့ကျင့်ပေးရင်
ဘယ်လို အရောင်းအသွေးထွက်လာမယ် ဘယ်သူကတော့ဖြင့် ဘယ်လို
အရည်အချင်းတွေ ရှိလာမယ်ဆိုတာတော့
ကြည့်လိုက်တာနဲ့ ခန့်မှန်းတတ်နေပါပီ။

" Mew " မြင်သလို "May" လည်း
မြင်မိပါတယ်။

P' May . .  " အားလုံးအဆင်သင့်
ဖြစ်နေပီနော် . .
Mew . . အဆင့်သင့်ဖြစ်ရင် စ လို့ရပီ "

Mew . . " ဟုတ် P' May ကျွန်တော် လာပီ "

တစ်ယောက်ပီး တစ်ယောက်
ဇာတ်ညွှန်းထဲကအတိုင်း ဖတ်လိုက်
test လုပ်လိုက် ပြန်ရိုက်ကြည့်လိုက်ကြနဲ့ နောက်ဆုံး Gulf အလှည့် ရောက်လာ
ပါ‌တော့တယ်။

Camera ရှေ့  ကြည့်နေကြ‌တဲ့
လူအများရှေ့မှာဇာတ်ညွှန်းစာသားအတိုင်း mode ဝင် ဝင်နဲ့သူ့မျက်နှာကို
သေချာစိုက်ကြည့်ပြီး သရုပ်ဆောင်နေတဲ့ ကောင်လေးကို Mew စိတ်ထဲက
ချီးကျူးကျေနပ်နေမိတယ်။

အမှတ်တမဲ့မှသည် ..... Where stories live. Discover now