အမှတ်တမဲ့မှသည်(အပိုင်း၁၅)

811 35 4
                                    

Unicode

အမှတ်တမဲ့မှသည်. . .  (  အပိုင်း ၁၅ )

Gulf ရဲ့ စကားတွေ လမ်းတဝက်မှာ
ရပ်တန့်သွားတယ် . . . .

" ဟင် ". . . .မဲ

Nong . . ကလေးလေး  . . . .

❣️❣️❣️❣️❣️

အခန်းတံခါးဖွင့်လိုက်သံကြောင့်
Gulf သူ့အမေခုမှလာတယ် ဆိုပြီး
အနာက်လှည်ကြည့်ပြီး ပြောလိုက်ပေမယ့်
သူမြင်လိုက်ရတာက အမေဖြစ်သူ
မဟုတ်ပဲ   . . .

" P' . . P'Mew . . ."

" Nong . . .ကလေးလေး
နေကောင်းရဲ့လား ဟင် . . ."

P'Mew က ဘယ်ကဘယ်လို
ရောက်လာတာလဲမဲတို့ကရော
ဘယ်မှာလည်း Gulf အတွေးတွေ
ရှုပ်ယှက်ခတ်နေရတယ်  . . .

" ဒီနေ့ ဒီနေရာကိုချိန်းတာ P' လုပ်တာပါ "

"Gulf ပြန်ရောက်တာ
ကိုယ်သိပေမယ့် မင်းက အဆက်အသွယ်ဖြတ်ထားတော့ ကိုယ်ဘယ်လိုလုပ်ရမလဲ
မစဉ်းစားတတ်တော့ဘူး အဲဒါ‌ကြောင့် နောက်ဆုံး Gulf ရဲ့မဲ ကို ဖွင့်ပြောပြီး
ဒီလိုတွေ ကိုယ် စီစဉ်လိုက်တာပါ "

MEW မှာ ပြောသာပြောနေရတာ
Gulf ကိုလည်းသူ အရိပ်အခြေ
ကြည့်နေရသေးတယ် . . .
တော်ကြာမှ ဝုန်းဒိုင်းကြဲ ထ ထွက်သွားမှဖြင့်
ထပ်ပြီး သူ ရင်ကွဲနေရအုန်းမယ်

ဒါ‌ပေမယ့် Gulf ကတော့ အရင်လိုမဟုတ်
အေးဆေးဆက်ထိုင်နေလိုက်ကာ
Mewကိုတော့မကြည့် မျက်နှာလွဲပြီး
Mew ပြောသမျှကို နားထောင်နေတယ်
. . ပြီးတော့မှ. .

" ကဲ ! P'Mew. . .ပြောလို့ ပြီး ပြီ လား"

" ပြီး ရင် ကျွန်တော်ပြန်မယ် " . . .

" Nong. . Nong . .
ကိုယ်တောင်းပန် ပါတယ်
တောင်းပန် ပါတယ်ကွာ ကိုယ့်ကို
ထပ်ပြီး ရှင်းပြဖို့ အခွင့်အရေးလေး
တစ်ခါပဲ ထပ်ပေးပါ နော် နော် ကလေး"

သူ့ရှေ့ကနေ ထ ထွက်ဟန်ပြင်နေတဲ့
Gulf ရဲ့လက်လေးတဖက်ကို
MEW အမြန်ဖမ်းဆွဲထားလိုက်တယ်
ပြီးတော့မှ ပါးစပ်ကလည်း တတွတ်တွတ်ပြောပြီး တောင်းပန်လိုက်တယ်

ထ ထွက်ဖို့လုပ်နေတဲ့သူ့လက်ကို
P'Mew က မလွတ်တမ်းဖမ်းဆွဲထားတာမို့ Gulf နေရာမှာပဲ ဆက်ထိုင်နေမိသား
ဖြစ်နေရတယ် . . .
စကားပြန်ပြောမယ့်ဆိုလိုက်ပြန်တော့
ဝိတ်တာလေးတွေ ဝင်လာပြီး အစားအသောက်တွေ လာချပေးနေတာနဲ့
သူနဲ့ P'Mew ဘာမှထပ်မပြောပဲ
တိတ်လိုက်ကြတယ် ဝိတ်တာလေးတွေ
ပြန်ထွက်သွားတော့မှ . . .

အမှတ်တမဲ့မှသည် ..... Where stories live. Discover now