အမှတ်တမဲ့မှသည်(အပိုင်း၁၃)

590 36 7
                                    

Unicode

အမှတ်တမဲ့မှသည် . . .  ( အပိုင်း ၁၃ )

လေယာဉ်ပျံကြီးကို လေဆိပ်ရဲ့
တစ်နေရာကနေ ငေးကြည့်နေတဲ့
လူတစ်ယောက်သာ ရှိနေခဲ့ တာ
Gulf သိသွားခဲ့မယ် ဆိုရင် . .

😰😰 😰 😰 😰 😰

မှုန်ပြပြလေယာဉ်ကြီးကို ကြည့်ပြီး
MEW ရဲ့ခန္ဓာကိုယ်ဟာ အောက်ကြမ်းပြင်
ရှိကို ညွတ်ခွေလို့ ကျသွားရတယ်

" P'Mew P'Mew . . ."

အနားမှာရှိနေတဲ့ P'POP က Mew ကို
လှမ်းဖက်ပြီး တွဲထိန်းပေးလိုက်ရတယ်

" P'POP . . P'POP ..
Nong လေ Nong ကျွန်တော့်ကို
တကယ်ထားသွားပြီး P' ရယ် "

မရှက်နိုင်အောင်ပဲ ငို‌ကြွေးရင်းနဲ့
ပြောလိုက်တာ ကြောင့်  MEW ကို
POP  နှစ်သိပ်‌ပေးလိုက်မိတယ် . .

သူတို့လောက်ချစ်ကြတာလည်း
သူတို့ပဲရှိတယ် ပြတ်သားကြပြန်တော့လည်း Mewကသာ တစိမ့်စိမ့် ဖြစ်နေတာ
ဟိုကောင်လေး Gulf က တော့
မထင်ထားလောက်အောင် အားလုံးကို
စိမ်းပြတ်လို့ သွားခဲ့တာ

ပြသာနာအရင်းမြစ်ကို POPတို့လည်း
သေချာမ‌သိရ‌တော့ ဘယ်သူမှန်တယ်
မှားတယ် လို့ပြောဖို့ထက်
နှစ်သိပ်ပေးဖို့ပဲ ရှိတော့တာပေါ့

လေဆိပ်ကနေပြန်လာတဲ့ ကားပေါ်မှာတော့
မျက်ရည်တွေက တအိအိ နဲ့
MEW ပါးပြင်ပေါ်စီးကျလို့ လာခဲ့ပြန်ပါပြီ

ကွန်ဒိုမှာ ပြသာနာတွေဖြစ်ကြပြီး နောက်ပိုင်း
Gulf တစ်ယောက် သူ့သူငယ်ချင်းတွေ
တချို့ကလွဲပြီး MEW တို့ အားလုံးနဲ့အဆက်အသွယ်ဖြတ်သွားခဲ့တယ်

MEW ဖုန်ခေါ်တော့ ဒီနံပါတ်တပ်ဆင်ထား
ချင်းမရှိပါတဲ့ 
သူ့သူငယ်ချင်းတချို့တစ်လေကို
သိပေမယ်လည်း ကိုယ်နဲ့က
သိပ်မသိ မခင်တာကြောင့်
Mew ဘာသတင်းမှ မကြားမသိခဲ့ရ

အိမ်ကိုသွားမယ်လို့ ဆိုပြန်တော့လည်း
MEW သတ္တိတွေကြောင်နေခဲ့လို့
မသွားဝံ့ခဲ့ရဘူး

အမြဲတမ်းပြုံးပျော်နေတဲ့ ကောင်လေး
စိတ်ဆိုးလည်း ခဏပဲ သူချောလိုက်ရင် စိတ်ပြေသွားတတ်တဲ့ ကောင်လေး . . .
သူချော့လိုက်ရင် ရမှာပဲဆိုပြီး
Gulf စိတ်ကိုအထင်သေးခဲ့မိ့သမျှ
ခုတော့ MEW မထင်ထားလောက်အောင် Gulf ရဲ့ စိတ်တွေက ပြတ်သားမာကျောလို့ နေတာကို သူ သိခဲ့ရတော့တယ်. .

အမှတ်တမဲ့မှသည် ..... Where stories live. Discover now