အမှတ်တမဲ့မှသည်(ဇာတ်သိမ်းpart2)

883 44 4
                                    

Unicode

အမှတ်တမဲ့မှသည် . . . ( ဇာတ်သိမ်း part 2 )

လှိုင်းလေးတွေ ‌🎵🎶🎵 ဖွေးကာ
🎶 ဖွေးကာ

ပြာသော 🎵ကောင်းကင် 🎶
အောက်မှာချစ်စရာ

ဆည်းဆာ 🎶🎵🎶🎵🎶

ချစ်တဲ့သူနှစ်ဦးမှာပြုံးကာ 🎵🎶
ကြည့်နူးဝမ်းသာ

ချစ်စရာ 🎵 . .🎶. . 🎵 🎶 🎵 🎶. . .

✈️ ✈️ ✈️ ✈️ ✈️ ✈️ ✈️

မနက် ၁၀ လောက်မှာ MEW တို့ သွားတဲ့နေရာ Resort ကို ‌ရောက်ကြတယ် ။ဘန်ကောက်ကနေလေယာဉ်စီးပြီး နောက်ထပ် သဘ်ောထပ်စီးပြီးမှပဲ
ဒီနေရာကို ရောက်တယ်

သဘော်ပေါ်ကနေဆင်း ဆင်းချင်းပဲ
ကလေးတစ်ယောက် လို ပျော်‌နေတဲ့
Nong ကို ကြည့်ပြီး MEW
ဒီနေရာကို ရွေးလိုက်တာ
သူမှန်သွားတယ်လို့တွေးမိလိုက်တယ်

အနောက်မှာ သဘာဝတောင်ကြီးနဲ့
အရှေ့မှာတော့ရေပြာပြာနဲ့ပင်လယ်ပြင်ကြီး သူတို့တည်းခိုမယ့်Resort က
တောင်ကုန်းကြီးနဲ့ ပင်လယ်ကြီးကြားထဲမှာ ဖွင့်လှစ်တည်ဆောက်ထားတာ
စိတ်အထင်တော့ ကျွန်းကြီး ကြီးပေါ်မှာ
ဆောက်ထားတာလို့ပဲ ထင်မိတယ်

တောင်တွေကြိုက်တဲ့ Nong နဲ့
ပင်လယ်ကြိုက်တဲ့MEW အတွက်ပါ အဆင်ပြေသွားတာပေါ့

"P'Mew လှလိုက်တာ နော်
ရှာတတ်လိုက်တာ "

" Nong သဘောကျတယ်
ကြိုက်တယ်မလား"

" အင်း အားကြီး ကြိုက် " . .

MEW တို့သဘော်ပေါ်က ဆင်းတော့
ဟိုတယ်ကဝိတ်တာလေးတို့က
သူတို့အိတ်တွေ လာသယ်သွားကြတော့ MEW တို့နှစ်ယောက် အေးအေးဆေးဆေး လမ်းလျှောက်ကြည့်ရင် ပတ်ဝန်းကျင်ကို
ငေးမောနေကြတာပေါ့

MEW တို့ တည်းခိုနားမယ့် အခန်းလေးတွေ
လုံချင်းအိမ်ဆောင် ဘန်ဂလို
ပုံစံမျိုးလေးတွေချစ်ဖို့ကောင်းပြီး
ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ်နဲ့
နေလိုကောင်းတဲ့ နေရာလေးပါပဲ

MEWနဲ့ Gulfကို သိကြတဲ့ တစ်ချို့ကလည်း သိကြတော့ မသိမသာ ကြည့်ကြ
ဓာတ်ပုံရိုက်ကြနဲ့ပေါ့ဒါပေမယ့်
သူတိုနှစ်ယောက်ကတော့
အာရုံမထား နှစ်ယောက်ထဲကမ္ဘာ ပဲပေါ့

အမှတ်တမဲ့မှသည် ..... Where stories live. Discover now