အမှတ်တမဲ့မှသည် (အပိုင်း၇)

592 41 2
                                    

Unicode

အမှတ်တမဲ့မှသည် . . .( အပိုင်း ၇ )

Gulf အိပ်မှုံစုံမွှား ယောင်တောင်တောင်နဲ့
P'Boss ကို မေးမယ်ဆိုပြီး ခေါင်းလှည့်
ကြည့်လိုက်တော့ . . . .

⏬   ⏬⏬  ⏬     ⏬

ကားစီယာတိုင်ပေါ် လက်နှစ်ဖက်
တင်အုံးလိုက်ပြီးMEW ဘေးက ထိုင်ခုံမှာ အိပ်မောကျနေတဲ့ Gulfကို ငေးကြည့်
လိုက်တယ်။ 

ပထမတော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ဒေါသသွေးတွေဆူပွက်ခဲ့ရတယ် . .
ကိုယ် မထိရက်မကိုင်ရက်  အမြတ်တနိုး တန်ဖိုးထား တဲ့ အရာလေးတစ်ခု
သူများဦးသွားတာလားဆိုတဲ့
အတွေးစိတ်က Mew ရင်ကို ပူလောင် လောင်မြိုက်စေခဲ့တယ်။

ပန်းခြံထဲကားရပ်ထားပြီး
MEW ခပ်ပြင်းပြင်း အသက်ရှု
ထုတ်လိုက်တယ် . . ‌
စိတ်ဆိုးလွယ်စိတ်ပြေလွယ်တော့
ခဏကြာတော့ Mewစိတ်တွေ
ပုံမှန်ပြန်ဖြစ်သွားတယ်။

တော်တော်ကြာတော့ ဘေးက
အိပ်ပုတ်လေးနိုးလာတယ်။
ဘေးဘီဝဲယာကို လိုက်ကြည့်ပြီး
သူ့ဘက် ဖြတ်ခနဲ့ လှည့်ကြည့်လာတော့ အံ့ဩတဲ့ မျက်နှာလေးနဲ့ ပါးစပ်လေးအဟောင်းသားပေါ့  . .

" ဟင် ! P'Mew . .
ဘယ်လိုရောက်နေတာ "

" ကားစီးလာတာပေါ့ကွ "

" မဟုတ်ဘူးလေ။
P'Boss က ဘယ်ရောက်သွားတာလဲ။ "

" မသိဘူး အိမ်ပြန်သွားမှာပေါ့။ "

"ဟာ ! အကောင်းမေးနေတာ
P' ဘာဖြစ်နေတာလဲ

" မင်းကရော ဘာတွေဖြစ်နေတာလဲ . . "

" ကျွန်တော်က ဘာတွေဖြစ်ရမှာလဲ . . "

Gulf  စိတ်တိုစွာ ပြန်မေးလိုက်တယ်။

လူကို အတင်းစွတ်ပြောနေတဲ့
P'Mew ကို Gulf အမြင်ကတ်လာတယ်။
ကိုယ့်မှာ စိတ်အခန့်မသင့်တာ
ကြုံလာရတာကိုသူ့က တစ်ပြန်
ဘာမှန်း ညာမှန်းမသိ ဆူနေတယ်

တစ်ခွန်းမခံ ပြန်ပြောနေတဲ့
Gulf ကြောင့် ငြိမ်နေတဲ့  Mew စိတ်က
ပြန်ပွက်လာတယ်။

"ခုနက အခန်းထဲမှာ မင်းတို့
ဖြစ်ပျက်နေတာလေ"

" ဘာဖြစ်ပျက်တာ ကျွန်တော်
ဘာဖြစ်နေလို့လဲP'Mew က
ဘာတွေ မြင်လို့လဲ "

အမှတ်တမဲ့မှသည် ..... Where stories live. Discover now