အမှတ်တမဲ့မှသည်(အပိုင်း၁၁)

540 33 2
                                    

Unicode

အမှတ်တမဲ့မှသည်. . . ( အပိုင်း ၁၁ )

ထင်မထားလောက်အောင် ပြင်းထန်ခဲ့မယ်
ဆိုတာသာ Boss သိများ သိ့ခဲ့ရင် ဒီလို
ပေါ့ပေါ့လေး ပြောနိုင်ပါ့မလား ဆိုတာ . . .

😭😭😭😭😭😭

ဖုန်း ထပ်ခေါ်ကြည့်ပေမယ့် . . .
" စက်ပိတ်ထားပါသည်" ဆိုတဲ့အသံပဲ
MEW စိတ်ပျက်စွာ ကြားလိုက်ရတော့တယ်

Gulf ဟာ ဘယ်တော့မှ ဖုန်းကို ပိတ်ထားတတ်တယ် ဆိုတာမရှိဘူး၊
သူ ရိုက်ကူးရေးလုပ်နေချိန် ဆို P'Boss က ယူထားတတ်ပြီး ဂိမ်းဆော့ချိန် ခဏ သာ
air mode သာ လုပ်ထားတတ်တာ

သူဖုန်းဆက်ချိန်  မအား‌သေးလို့
ဖုန်းမကိုင်ဖြစ်ရင်တောင် အလုပ်ပီးတဲ့အခါ  သူ့ကို အလေးထားပြီး
ဖုန်းပြန် ဆက်တတ်တဲ့ Nong  . .

ဒီတစ်ခါ တော့ Nong စိတ်တော်တော်
ဆိုးသွားတာ ပါလား လို့
Mew တွေးမိလိုက်တယ်။

MEW မွေးနေ့တုန်းက Gulf အပြုအမူလေးတွေကြောင့်  စိတ်လှုပ်ရှားပျော်ရွှင်ခဲ့ရတယ်။
ဒါပေမယ့် အဲဒီနောက်ပိုင်း Gulf နဲနဲ
ပြောင်းလဲနေတယ်လို့ စိတ်ထဲခံစားမိနေတယ်

ကိုယ်ကပဲအလုပ်များ‌လို့ ဒါမှမဟုတ်
မတွေ့ဖြစ်ကြတာများလို့ပဲ လို့ ထင်‌ နေတာမဟုတ်ပေဘူး ကို . .

တစ်ယောက်တစ်နေရာစီ အလုပ်ရှိနေလို့
ကိုယ့်အလုပ်ကိုယ် အာရုံထား ဂရုစိုက်
နေလို့သာ ရှိမယ် .

MEW ရုံးမှာရှိနေချိန် Gulf လည်း အပြင်
မထွက်ရ Studio မှာ ရှိနေချိန်ဆို တပူးတွဲတွဲ နေတတ်လွန်း လို့ P'May ရဲ့  ခဏ ခဏ
အအော်ခံရတတ်တယ်

*ကျုပ် အနားလာပြီးပလူးပလဲတွေ
မလုပ်စမ်းနဲ့
*ဝေးဝေး သွားကြ အချစ်စော်နံတယ်တဲ့လေ

တခြားသူတွေက သိချင်မှသိ‌ပေမယ့်
Gulf ကိုမှန်တချပ်လို အမြဲအရိပ်
ကြည့်နေတဲ့ Mewသိတာပေါ့ . .

တစ်ခြားအရာလေးတွေ ပြောင်းလဲတာ
ထားတော့ဖုန်းသိပ်မပြောတော့တာက
အသိသာဆုံးပဲ

အရင်ကဆို ညဘက် ကိုယ့်အိမ်
ကိုယ်ပြန်ရောက်ကြပြီ ဆို ရင် . .

ဒီနေ့တောဘာတွေလုပ်ကြတယ်
ဘာကတော့ ဘယ်လို ဆိုတာ
ဖုန်းပြောနေကြ

အမှတ်တမဲ့မှသည် ..... Donde viven las historias. Descúbrelo ahora