အမှတ်တမဲ့မှသည်( ဇာတ်သိမ်းpart1)

799 35 0
                                    

Unicode

အမှတ်တမဲ့မှသည် . . . ( ဇာတ်သိမ်း Part 1 )

ဒီလိုနဲ့ သူတို့မျှော်လင့်နေတဲ့ နေ့လေးကို
ရောက်လို့လာပြီပေါ့ . . .

မဂ်လာရှိသော 🎶  🎶
ဧည့်ပရိသတ် ရဲ့ အလည်🎶 🎶 🎶

ဒီအချိန်ကစ🎶  🎶 တို့အတူတူ 🎶 🎶 . . . .

💗 💗 💗 💗 💗

MEWနဲ့ Gulf တို့ရဲ့ မဂ်လာဧည့်ခန်းပွဲကတော့
အေးအေးဆေးဆေးနဲ့ လှလှပပလေး
ကျင်းပပြီးစီး လို့ သွားခဲ့ပါပြီ

နှစ်ဘက်မိဘ ‌ဆွေမျိုးအသိုင်းအဝန်းနဲ့
ခင်မင်ရင်နှီးရတဲ့ မိတ် ဆွေ သူငယ်ချင်းအချို့သတင်းမီဒီယာအချို့တို့လောက်ပဲ ဖိတ်ကြားပြီးအောင်မြင်ခမ်းနားတဲ့
လက်ထပ်ပွဲလေး ကျင်းပနိုင်ခဲ့ပါပြီ

မနေ့ကတော့ နှစ်ဘက်မိဘတွေနဲ့ပဲ
မနက်ပိုင်းမှာ MEWနဲ့ Gulf
ဘုန်းကြီးကျောင်းသွားပြီး ဆွမ်းကပ်
အလှုပွဲလေး ကပ်လှုခဲ့ ပြီးခဲ့တယ်ပေါ့

ဒီနေ့ကတော့ ခင်မင်ရတဲ့ ဧည့်သည် အနည်းငယ်လောက်နဲ့  ဂတိပြုသစ္စာဆို လက်ထပ်လက်စွပ်လေးတွေ
အပြန်အလှန်ဝတ်ပေးတဲ့ အခမ်းအနားလေး ကျင်းပ ခဲ့ကြတယ် ပေါ့ . .

ဧည့်ခန်းပွဲကပြီးသွားပေမယ့်
မီဒီယာတချို့ကမပြန်သေးပဲ
သူတို့နှစ်ယောက်ကို
အင်တာဗျူးမေးနေတာနဲ့ ဖြေနေကြရတယ် . .

. .မဂ်လာပါ P'Mew နဲ့ Nong Gulf ရေ

မဂ်လာအခမ်းအနားကတော့
ခမ်းခမ်းနားနားနဲ့ပြီးသွားပြီးနော် .

နှစ်ယောက်လုံးအတွက် ဂုဏ်ယူပါတယ်နော်

ဟုတ်ကဲ့ အမ ကျေး‌ဇူးတင်ပါတယ်ခဗျ

အမသိချင်တာက Mewနဲ့ Gulf က
ဒီကြားထဲမှာဝေး သွားခဲ့ကြသေးနော်

ဟုတ်တယ် အမ ကျွန်တော်ဆိုးခဲ့လို့ပါ

Gulf ရဲ့ လက်လေးကိုဆုပ်ကိုင်
Gulf မျက်နှာလေးကို ပြုံးကြည့်ပြီး
MEW ပြန်ဖြေလိုက်တယ်

ဟုတ်ပါပြီ ခုလိုပြန်ဆုံကြတော့ရော
Gulfက Mewအပေါ်မှာ အရင်လိုစိတ်နဲ့
ချစ်သေးရဲ့လား

"ဟုတ်ကဲ့အမ အစကတည်းက
P'ကို မုန်းလို့မှမဟုတ်တာ
တယောက်နဲ့တယောက် အယူအဆ
တွေးတာလေးတွေ လွဲသွားကြလို့
ဖြစ်သွားကြတာပဲလေ အဲဒါတွေ
ဖြေရှင်းလို့ရသွားလို့ ခုလို
လက်ထပ်နိုင်ခဲ့ကြတာပေါ့ အမရယ် "

အမှတ်တမဲ့မှသည် ..... Where stories live. Discover now