အမှတ်တမဲ့မှသည်(အပိုင်း၁၂)

568 37 4
                                    

Unicode

အမှတ်တမဲ့မှသည် . . .  ( အပိုင်း ၁၂ )

"ကျွန်တော်တို့ P'Mew ကွန်ဒိုမှာ
တွေရအောင်လာခဲ့နိုင်မလား "

မောင်းနေတဲ့ ကားအရှိန်နဲ့ထပ်တူ
MEWစိတ်တွေကလည်း Gulf ရှိသို့သာ အရှိန်ပြင်း ပြင်း နဲ့ . . .

😔 😔 😔 😔 😔 😔

"  မဲ ". .

"ကျွန်တော် အပြင်ခဏသွားအုန်းမယ်နော်
နောက်ကျရင် ဖုန်းဆက်လိုက်မယ် "

" အင်း အင်း သားလေး
ကားကိုဂရုစိုက်မောင်းနော် ၊
သားက ကားကိုသိပ်မမောင်းတော့
အဆင်ပြေပါ့မလား
မဲ လိုက်ပို့ရမလား Gulf "

" ဟုတ် မဲ  ရပါတယ် သား
ဖြေးဖြေးမောင်းသွားမှာပါ
စိတ်မပူနဲ့နော် . .  အာဘွား "

အမေဖြစ်သူကို အသိပေး နှုတ်ဆက်ပြီး
အိမ်ကနေ့ Gulf ကားမောင်းပြီး
ထွက်လာခဲ့တယ်ကားက ကိုယ့်ဘာသာ
မောင်းတာ သိပ်မဟုတ်ခဲ့တော့
နည်းနည်းတော့ သိပ်မရဲတရဲ ဖြစ်နေသေး

Gift & Give Shop . .

( Gift ဆိုတာက လက်ဆောင် . .
  Giveဆိုတာကတော့ ပေးတာပေါ့နော် )

များပြားလှပ လှတဲ့ ပန်းဆိုင်ကြီးထဲမှာ
Gulfငေးမောလို့ မဆုံးနိုင် ဖြစ်နေရတယ်
အရောင်အသွေးတွေအစုံ ပန်းမျိုးတွေက
အများကြီး ဆိုတော့ Gulfခေါင်းတလည်လည်ဖြစ်နေရတယ်

သူလိုချင်တဲ့ပန်းကို ရှာဖွေကြည့်ပြန်တော့လဲ
တစ်ခါလားပဲ တွေ့ဖူးလိုက်တော့ သိပ်မမှတ်မိ

Gulf ခေါင်းတလည် လည် ဖြစ်နေတော့ ဆိုင်ရှင်အမက အနားရောက်လာတယ်

"မဂ်လာပါရှင့် . .
ဘာပန်းမျိုးကို ရှာနေတာလဲ မောင်လေး . ."

"ဟုတ်ကဲ့ မဂ်လာပါအမ . .
ကျွန်တော် ပန်း နာမည်တော့ သိပါတယ်
ပန်းပုံစံကို မေ့နေလို့ "

" Forget me not တဲ့
ပန်းနာမည်က . . .💐💐

" အဲဒီပန်းများ ရှိလား အမ "

"ရှိပါတယ် လာလေ အဲဒီပန်းက
ဟိုဘက်ခြမ်းမှာ"

ဆိုင်ရဲ့ အတွင်းဘက်ခြမ်းကို ထပ်ဝင်ပြီး
ဆိုင်ရှင်အမက ယူ ပြလိုက်တယ်။

အမှတ်တမဲ့မှသည် ..... Where stories live. Discover now