အမှတ်တမဲ့မှသည် (အပိုင်း၆)

554 46 0
                                    

Unicode

အမှတ်တမဲ့မှသည် . . .  ( အပိုင်း ၆ )

" ကျွီ  "

တံခါး ဖွင်သံနဲ့အတူ အိပ်မှုံစုံမွှား
ခေါင်းစုတ်ဖွားနဲ့ ထွက်လာတဲ့
ကောင်လေးတစ်ယောက် . . .

⤵️  ⤵️⤵️  ⤵️⤵️  ⤵️⤵️

ပြသာနာတွေဖြစ်ပြီး နောက်ပိုင်း
ရက်အနည်းငယ်ကြာတော့
P'May ကတဆင့် Tar နိုင်ငံခြားမှာ
ကျောင်းသွားတက်ဖို့ စီစဉ်နေတယ်ဆိုတာ MEWကြားသိခဲ့ရတယ် . .

Mew စိတ်ကို သေသေချာချာ သိသွားလို့ ကောင်‌လေးရှက်ပြီး ရှောင်ထွက်သွားမှန်း
သိပေမယ့် . .
Mew ဖျောင်းဖျချင်တဲ့ စိတ် မရှိ။
စိတ်လေပြီး ပျက်စီးသွားမှာထက်စာရင်
ကောင်းပါတယ်ပဲ ပြောရမှာပေါ့။ . .

" ဒေါက် . .ဒေါက်. .ဒေါက် "

" ဝင်ခဲ့ပါ .

တံခါးခေါက်သံကြောင့် ဝင်ခဲ့ပါ
ပြောလိုက်ပေမယ့် Mew story တစ်ခု
ဖတ်‌နေတာကြောင့်  မော့မကြည့်မိ . .

အာရုံက တစ်ခြားရောက်နေတော့
အသံလည်းမမှတ်မိလိုက် . .

" P'Mew"

P'Mew ဆိုတဲ့ အိစက်စက်
ခေါ်သံလေးကြောင့် အလန့်တကြားမော့ကြည့်လိုက်တော့ " Gulf "

Mini Series တစ်ခုရိုက်ဖို့ ဇာတ်ညွှန်း
ဖတ်နေရာမှGulf သိပ်နားမလည်တာနဲ့ 
Mew ရှိ ရောက်လာတယ်...

Mew နဲ့အတူတွဲ Series ရိုက်ကူးပြီးကတည်းကGulf တို့နှစ်ယောက်
ကိုယ့်အလုပ်ကိုယ်စီနဲ့
သိပ်မပူးကပ်ဖြစ်ကြတော့ဘူး . ..

Mew ကလည်း နောက်ထပ်
သီချင်းသစ်ကိစ္စတွေနောက်ထပ်
သူဖန်တီးချင်နေတဲ့ အနုပညာအလုပ်
ကိစ္စတွေ ကို တောက်လျှောက်လုပ်နေ . .

Gulf ကလည်း အင်တာဗျူးတွေ . .
Promoteပွဲ တွေ . .
ကုန်ပစ္စည်းတွေကြော်ငြာဓာတ်ပုံရိုက်ရတာတွေနဲ့ မအားလပ်ကြတော့ . .

" ကျွန်တော် ဒီနေရာ‌လေးမှာ
နားမလည်လို့ အဲဒါ
P' နဲနဲလောက် ရှင်းပြပေးပါလား . . "

" Inn. . ပြလေ Gulf . . "

"  ဒီနေရာမှာ သူက  . .  ဒီစကား က
အဲလို . . ."

" ကျေးဇူးတင်ပါတယ် . .P'
ကျွန်တော်သွားလိုက်ပါအုန်းခဗျ "

" Gulf . . "

အမှတ်တမဲ့မှသည် ..... Where stories live. Discover now