Chapter -6

4.3K 752 25
                                    


Zawgyi

"ကျွန်တော်က သားရဲနတ်ဘုရားရဲ့သားတော် ဖြစ်နေလို့ပဲ"

ရှင်းရန်ရဲ့စကား အဆုံးမှာ အကုန်လုံးဟာအံ့အားသင့်သွားကြတော့သည်၊ ဒါပေမယ့် မယုံကြည်လို့ကလည်းမရချေ၊မီးကိုအသုံးပြုသွားထဲက ထိုအရာဟာသက်သေကိုး၊ ကြောက်စရာကောင်းသည့်မီးပုံဘေးတွင် အစိမ်းရောင်ဆံနွယ်ရှည်များနဲ့ လူငယ်လေးဟာ နတ်ဘုရားတစ်ပါးလိုအရမ်းကိုမြင့်မြတ်ပြီးလှပလွန်းသည်၊ လူငယ်လေးရဲ့အပြုံးဟာလည်း သူတို့ကို ရဲရင့်မှုများပေးနေသယောင်၊

အန်းစ်ဟာ မီးကိုကြောက်ပေမယ့် လူငယ်လေးရဲ့မျက်ဝန်းထဲက အထီးကျန်မှု၊ကြောက်ရွံ့မှုတွေကို တွေ့လိုက်ရသည့်အခါမှာတော့ ...လူငယ်လေးအနီးသွားကာ တင်းကြပ်စွာပွေ့ဖက်လိုက်ပြီး...

"မင်းနားမှာ ကိုယ်အမြဲရှိပေးမှာပါ ရှင်းရန်"

"အန်းစ်... "လို့ အစိမ်းရောင်မျက်ဝန်းလေးများဟာ မော့ကြည့်လိုက်ပြီး ကျေးဇူးတင်စွာပြုံးလိုက်ပြီး အန်းစ်ရဲ့ရင်ခွင်ထဲကို တိုးဝင်ကာဖက်တွယ်လိုက်ပြီး...

"ကျေးဇူးတင်ပါတယ်...ဒါပေမယ့် ခုနက ပြောသံတွေကြားတာ ဒီမျိုးနွယ်မှာလည်း တမန်တော်တစ်ယောက်ရှိတယ်ဆို..."လို့ စပ်စုချင်သည့်မျက်ဝန်းများဖြင့် မော့ကာမေးလိုက်တော့ အန်းစ်ဟာ ပြုံးလိုက်ပြီး

"ဟုတ်တယ် သုံးယောက်ရှိတယ်၊တစ်ယောက်က ကိုယ့်မိခင်လေ၊နောက်နှစ်ယောက်ကတော့ ကျားသစ်မျိုးနွယ်အမျိုးသားအချို့ရဲ့တွဲဖက်တွေ" လို့ အန်းစ်ဟာ သူ့ကိုပြောလိုက်တော့ 'သြော်...ဆိုင်သူ၊ပိုင်သူတွေနဲ့ပေါ့'

"ကျွန်တော် ရောက်လာလို့အနှောင့်အယှက်မဖြစ်စေဘူးလား"လို့ ရှင်းရန်ဟာ စိုးရွံ့စွာမေးလိုက်တော့ အန်းစ်ဟာခေါင်းခါလိုက်ပြီး.

"မဖြစ်ပါဘူး ဒီမင်းသားရဲ့လူကို ဘယ်သူကစိတ်အနှောင့်အယှက်ပေးရဲမှာလဲ" လို့ အန်းစ်ဟာ ရှင်းရန်ရဲ့လက်လေးတွေကို မြတ်နိုးစွာကိုင်ကာ ဖွဖွလေးနမ်းကာ ပြောလိုက်တော့ ရှင်းရန်မျက်နှာလေးဟာ ပန်းရောင်သွေးထကြွသွားပြီး ခေါင်းလေးငုံ့လိုက်ကာ ယောင်ယောင်နနနဲ့ ... ကင်ထားသည့်ငါးကို ကိုင်မိကာ ပူသွားသဖြင့် မျက်နှာလေး ရှုံ့မဲ့သွားပြီး

The beasts and The young manWhere stories live. Discover now