Chapter -11

3.3K 584 43
                                    

Zawgyi

"ရှင်းရန်...ရှင်းရန်ပါ"

ရှင်းရန် သူရဲ့အမူအရာကို ကြောက်လန့်နေသည့်ဟန်လေးဆောင်ကာ ပြောနေပေမယ့် လီယိုဆိုသည့်ကောင်ကို ရှင်းရန်နည်းနည်းလေးမှ မကြိုက်ပေ၊အိုရက်စ်ရဲ့မှတ်ဥာဏ်တွေအရဆိုရင် လီယိုဟာ အိုရက်စ်ကို စွန့်ခွာကာ မာနီယန်ကို ရွေးချယ်သွားသည့်သူမလား၊ဒါကြောင့် သူသဘောမကျတာ မဆန်းကျယ်ပေ၊

အန်းစ်ကလည်း ရှင်းရန်ရဲ့အမူအရာလေး သက်တောင့်သက်သာမရှိသည်ကို တွေ့လိုက်သည်ချိန်မှာ လီယိုဆိုသည့် သားရဲအထီးကို ကြည့်ကာ

"မင်းရဲ့စိန်ခေါ်မူကို ငါလက်ခံတယ်" လို့ပြောလိုက်တော့ ရှင်းရန်အနည်းငယ် စိုးရိမ်သွားကာ အန်းစ်ရဲ့လက်မောင်းကို လှမ်းကိုင်လိုက်ချင်ပေမယ့် ခရစ်ဘ်ရဲ့ပွေ့ချီထားမူကြောင့် အန်းစ်ရဲ့လက်မောင်းကိုသာ ရှပ်ထိသွားတော့သည်။

ဒါပေမယ့် အန်းစ်ဟာ သူရဲ့အထိအတွေ့ကို သတိထားမိတယ်ထင်၊သူ့ဘက်လှည့်လာကာ ရှင်းရန်ရဲ့လက်ကို ကိုင်ရင်း ပန်းနုရောင်သန်းနေသည့်လက်ဖဝါးနုနုလေးကို အမြတ်တနိုးနမ်းရှိုက်လိုက်ရင်း သူရဲ့အဝါရောင်မျက်ဝန်းများဟာ ချစ်ရိပ်များသာမက ယုံကြည်ချက်များပါလျှံကျရင်း

"စိတ်မပူနဲ့ ကိုယ် အနိုင်ယူပြမယ်"လို့ ပြောလာတော့သည်။

"ဒါပေမယ့်... ကျွန်တော်စိုးရိမ်တယ်" ရှင်းရန်ရဲ့စကားဟာ အန်းစ်ဟာ အားအင်ပြည့်ဝသွားသလိုပင်၊သူရဲ့ခန့်ညားသည့်မျက်နှာထက်မှာ အလွန်ပျော်ရွှင်နေသည့်အပြုံးပင် ဆောင်ထားသေးသည်။ဒီချိန်မှာ သူ့ထက်ပျော်ရွှင်မည့်လူပင် ရှိမည်မဟုတ်ပေ၊ဒါကြောင့် သူဟာ စိတ်မပူစေရန် ပြောလိုက်ပြီး လီယိုကို မျက်စပစ်ကာ ကွင်းထဲ ကျားသစ်နက်အသွင်ပြောင်းကာ ကောင်းကင် ဟိန်းဟောင်လိုက်သည်။

ကျားသစ်နက်ရဲ့ဟိန်းသံကြောင့် အနီးနားကအားနည်းသည့်သားရဲများပင် ကြောင်စိတ်ဝင်သွားပေမယ့် သူတို့ဟာအင်အားကြီးမျိုးနွယ်စုနှစ်စုရဲ့မင်းသားနှစ်ပါးယှဉ်ပြိုင်မှုကို စိတ်ဝင်စားကြသည်ဟာအမှန်ပေ၊

နှစ်ဖက်လုံးဟာလည်း တကယ်ကိုသူ့နယ်​မြေနဲ့သူသန်မာကျသူများလည်းဖြစ်သည်ကိုး၊လီယိုဟာလည်း ခြင်္သေ့အသွင်ပြောင်းကာ အန်းစ်လိုဘဲ ဟိန်းဟောင်လိုက်တော့သည်။ထိုနောက်မှာ သားရဲနှစ်ကောင်ရဲ့ရန်လိုစူးစိုက်သည့်အကြည့်တွေဟာ အချင်းချင်းပေါ်ပျံဝဲနေရင်း သူတို့နှစ်ဦးဟာ စတင်တိုက်ခိုက်တော့သည်။

The beasts and The young manWhere stories live. Discover now