Chapter-13

3.4K 530 34
                                    

Zawgyi

[ဇာတ်လိုက်လီယိုရဲ့ချစ်ခင်နှစ်သက်မှုကို ရရှိသည်။ +200]

ထိုအသံကြောင့် ရှင်းရန် နူတ်ခမ်းများပင့်တက်သွားချင်ပေမယ့် သူဟာ သရုပ်ဆောင်နေသေးသည်ကို မမေ့ချေ၊ပြီးတော့ မာနီယန်လို ခေတ်သစ်ကကူးပြောင်းလာတဲ့သူတစ်ယောက်အနေနဲ့ ကိုယ့်ကို တခြားလူတစ်ယောက်ဟာ  ပစ္စည်းတစ်ခုလိုသုံးနှုန်းခဲ့ရင် ဒေါသထွက်သွားမှာ အမှန်ပေ၊ အခုပဲကြည့် မဲသဲနေသည့်မျက်နှာရယ် မနာလိုကာသူ့ကိုတစ်စဆီဖျက်စီးပစ်ချင်တဲ့မျက်ဝန်းတွေဟာ သက်သေပေ၊

"အန်းစ်" မာနီယန်ဟာ ခုနက အိုရက်စ်မှုမုန်းတီးစွာ စိုက်ကြည့်နေတဲ့အမူအရာကို ပြန်ပြင်လိုက်ပြီး ကျားသစ်သားရဲရဲ့နာမည်ကို ခေါ်ဆောင်လိုက်တယ်။ဒါပေမယ့် သူ့ကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လာတဲ့ဝါရင့်ရင့်မျက်ဝန်းများဟာ ဒေါသရောင်ကြောင့် ပိုမိုတောက်လောင်နေသည်ကို သူခံစားနေရသည်။အန်းစ်က ဘာလို့ သူ့ကို ထိုလိုစိုက်ရတာလဲ!အမှန်ဆို အန်းစ်အနေနဲ့ ဂုဏ်ယူသင့်သည်မလား။

အန်းစ်ဟာ သူနာမည်ကို ခေါ်တွင်လာတဲ့ရစ်အမျိုးသားကြောင့် မျက်မှောင်ကြုတ်သွားကာ ထိုရစ်အမျိုးသားကို စိုက်ကြည့်လိုက်တယ်၊ထိုရစ်အမျိုးသားပေါ်က အမူအရာအမျိုးမျိုးပြောင်းလဲသွားသည်ကို မြင်နေတဲ့အခါမှာတော့ ခုနက စိတ်ပျက်နေတဲ့ခံစားချက်များဟာ ရွံရှာမှုဘက်ကို ပြောင်းလဲသွားတော့သည်။ရစ်အမျိုးသား​တွေကို အန်းစ်အထင်မသေးပေမယ့် ကိုင်လန်၊မာနီယန်လိုရစ်အမျိုးသားတွေကိုတော့ အထင်သေးသည်။သူတို့ဟာ အင်အားကြီးသူမှန်သမျှ သူတို့လက်အောက်ထဲသွင်း​စေကာ မျိုးနွယ်စုတိုင်းကို ချယ်လှယ်ချင်တဲ့ပုံစံတွေဖြစ်သည်။

ဒါကြောင့် အန်းစ်ဟာ ထိုရစ်အမျိုးသားကို လစ်လျူရှုကာ ရှင်းရန်ကို ခါးကနေ ပွေ့ဖက်လိုက်ပြီး ကျားသစ်မျိုးနွယ်စုအနားယူ​နေသည့် တဲဘက်ကို သွားရောက်တော့သည်။ခရစ်ဘ်ကလည်း လိုက်မသွားခင်မှာ ဒန်းနိုကို ကြည့်ကာ

"ငါတို့ ပြောတဲ့စကားကို မမေ့နဲ့ သားရဲနတ်ဘုရားတန်ဖိုးထားတဲ့ ရစ်အမျိုးသားတွေကို အတင်းအကြပ်စေခိုင်းပိုင်ခွင့်မရှိဘူး အဟက် မင်းဘက်က မကျေအေးနိုင်ဘဲ နတ်ဘုရားရုပ်ထုရှေ့မှာ ဖြေရှင်းချင်လည်းရတယ် ရစ်အမျိုးသားဘက်က အမှန်တိုင်း ပြောဆိုလာရင် မင်းတို့မျိုးနွယ်ပဲ ထိခိုက်လိမ့်မယ် စဉ်းစားဆင်ခြင်ပေါ့" လို့ ပြောကာ ထွက်သွားတော့သည်။လီယိုဟာလည်း ဒီနေရာမှာ ရှိနေစရာအကြောင်းမရှိပေမယ့် သူဟာလည်း ဒန်းနိုကို ကြည်လိုက်ပြီး

The beasts and The young manWhere stories live. Discover now