Chapter -21

1.6K 316 9
                                    

Zawgyi

ရှင်းရန်တို့ ကျားသစ်နက်မျိုးနွယ်ကနေ ထွက်ခွာလာတာ လေးရက်လောက်ရှိနေပြီဖြစ်ပြီး သူဟာ သားရဲအသွင်ပြောင်းထားတဲ့အန်းစ်ရဲ့ကျောပေါ်ကနေ လိုက်ပါစီးနင်းနေတော့သည်၊ပုံမှန်ဆိုရင် သုံးရက်နဲ့ရောက်နိုင်ပေမယ့် အန်းစ်တို့က ရှင်းရန်ပင်ပန်းမူးဝေမှာဆိုးတာကြောင့် နားနားပြီးသွားသောကြောင့်ဖြစ်သည်၊

မကြာခင်မှာတော့ လေထုဟာ အေးစိမ့်လာတော့သည်၊ဒါကြောင့် သားရဲတွေနဲ့အတူ ပြေးလွှားနေတဲ့ခရစ်ဘ်ဟာ အန်းစ်ရဲ့ကိုယ်ပေါ်တက်ခွလိုက်ပြီး ရှင်းရန်ရဲ့ကိုယ်လေးကို သူ့ရင်ခွင်ထဲထည့်လိုက်သည်၊ကျန်တဲ့သားရဲအထီးတွေရဲ့အကြည့်တွေက ခရစ်ဘ်နဲ့ရှင်းရန်ဆီရောက်လာတော့သည်၊

ဒါပေမယ့် ရှင်းရန်ရဲ့တုန်ယင်နေတဲ့နူတ်ခမ်းလေးတွေကိုမြင်တဲ့အချိန်မှာ သူတို့ရဲ့သဝန်တိုနေတဲ့စိတ်တွေကို ဖြေလျော့ချလိုက်တော့သည်၊

ထိုနောက်မှာ သူတို့ကို တိုက်ခိုက်နေတဲ့လေတွေဟာ ပိုမိုပြင်းထန်လာတော့သည်၊လင်းက ပျံဝဲနေရင်း သူ့ကိုရိုက်ခတ်လာတဲ့သစ်ကိုင်းတွေကို ရှောင်ဖယ်ရင်း မြေပြင်ပေါ်ဆင်းသက်လိုက်ပြီး ပြောလိုက်သည်၊

"မုန်တိုင်းလာမဲ့ပုံပဲ... ငါတို့တွေ တစ်နေရာရာမှာ ခိုလှုံကြမလား" လင်း မပြောရင်တောင် သူတို့လည်း ရာသီဥတုအခြေအနေကို သတိထားမိပြီးသားပင်၊ဒါကြောင့် သူတို့က ကျယ်ဝန်းတဲ့ဂူတစ်လုံးရှာဖွေလိုက်ပြီးနောက်မှာ ဂူထဲဝင်လာတော့သည်၊ ခရစ်ဘ်ကလည်း ရှင်းရန်ရဲ့ကိုယ်လေးကို ပွေ့ချီထားပြီး ကျန်တဲ့သူတွေကလည်း လူသားအသွင်ပြောင်းလိုက်တော့သည်၊

"ရန် အေးတယ်ဆိုရင် ကိုယ့်ရင်ခွင်ထဲ လာခဲ့လေ" လင်းက ခရစ်ဘ်နားသွားကာ ရှင်းရန်ရဲ့ကိုယ်လေးကို သူ့ရင်ခွင်ထဲဆွဲထည့်ကာ ပွေ့ဖက်ထားလိုက်သည်၊

ရှင်းရန်က ပထမက ငြင်းချင်ပေမယ့် နွေးထွေးနေတဲ့လင်းရဲ့ခန္ဓာကိုယ်အပူချိန်က ခန္ဓာကိုယ်ကိုပင် သက်သောင့်သက်သာဖြစ်အောင်နေရာယူလိုက်ပြီး အနားယူလိုက်သည်၊

'ရစ်'အမျိုးသားတွေရဲ့ခန္ဓာကိုယ်က အပင်ပန်း သိပ်မခံနိုင်တာ အမှန်ပေ၊ဒါတောင် ရှင်းရန်ဝင်ထားတဲ့ခန္ဓာကိုယ်ပိုင်ရှင် အိုရက်စ်က အအေးပိုင်းဒေသမှာ ကြီးပြင်းလာသူဖြစ်ပေမယ့် အခုလို အေးစိမ့်စိမ်တိုက်ခိုက်လာတဲ့လေကြမ်းတွေကို သိပ်မခံနိုင်ပေ၊

The beasts and The young manWhere stories live. Discover now