Chapter - 1

15.3K 1.1K 99
                                    


Zawgyi

အုပ်မှိုင်းနေသော တောအုပ်ကြီးထဲမှာ ကောင်လေးတစ်ယောက်ဟာ ဒဏ်ရာများနဲ့ ပြေးလွှားနေသည်၊ သူရဲ့ဖြူဖွေးပြီးသွယ်လျတဲ့ခြေထောက်လေးများဟာ ဒဏ်တွေနဲ့ ပြည့်နှက်နေပြီး သွေးများပင် စီးကျနေသည်၊ဒါပေမယ့် ကောင်လေးကတော့ မရပ်မနား မမောပန်းစွာပြေးလွှားနေတုန်းပင်...၊

"ဒီလောက်ဆို သူတို့ ငါ့ကို မမိနိုင်လောက်တော့ဘူးမလား..." ထိုကောင်လေးဟာ ထိုသိုပြောလိုက်ပေမယ့် သူ့ရဲ့ခြေထောက်များဟာ ပြေးလွှားနေဆဲ...၊ ဝေးဝေးလံလံရောက်တော့ ကောင်လေးဟာ ရပ်လိုက်ပြီး အနားရှိ သစ်ပင်ကို မှီလိုက်ပြီး ထိုင်ကျလိုက်ကာ သွေးများစို့နေပြီး အညိုအမဲစွဲနေတဲ့ ခြေထောက်ကို ကြည့်ရင်း...

"ခြေထောက်လေးရယ်...တောင်းပန်ပါတယ်"လို့ ပြောရင်း သူရဲ့အပေါ်ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး သွေးများထွက်နေသည့် နေရာကိုလိုက်လံသုတ်ပေးရင်း...ထူးဆန်းတဲ့အမျိုးသမီးတစ်ယောက်အသံကို နားထဲ ကြားလိုက်တော့သည်၊

[ပစ်မှတ် ရှာတွေ့ပြီ] ထိုနောက် ကောင်လေးဟာ သူရှေ့မှာ ပျံဝဲနေသည့် ဥပုံသဏ္ဍာန်အရာကြီးကို ကြည့်ရင်း မျက်လုံးများဝိုင်းစက်သွားပြီး မတ်တပ်ထရပ်ကာ ပြေးရန်ကြံစည်တော့သည်...

[System: ပြေးလိုက်စမ်း...နင်ပြေးလို့ကတော့ နင့်ကိုမူရင်းကမ္ဘာပြန်ပို့ပေးမယ် မထင်နဲ့]လို့ ပြောလိုက်သည့် အသံကြောင့် ထိုကောင်လေးရဲ့ခြေလှမ်းများဟာ ရပ်တန့်သွားကာ

"မင်းက ဒီကြောက်စရာကောင်းတဲ့နေရာက မဟုတ်ဘူးလား???"

[System: မဟုတ်ဘူး... ငါက နင့်ကို ဒီပို့လိုက်တဲ့သူပဲ]

"ဘာ!!!!" ထိုကောင်လေးရဲ့အော်သံကြောင့် အော်ထဲရှိ နားခိုနေသည့်ငှက်များပင် ကြောက်လန့်တကြား ထကာပြေးကုန်တော့သည်၊

System 1998:ဘာလို့ ဒီလိုဖြစ်ဖူးသလို ခံစားနေရတာလဲဟ...

[System: စိတ်လျော့ထား...]

"ငါ ဟိုလူပြောင်းလိုက် သားရဲပြောင်းလိုက် ကောင်တွေဆီက ဘယ်လိုတောင်ထွက်ပြေးလာရတာလဲ မင်းသိဖို့ကောင်းတယ်!အဲ့တာကို ချီးကိုလာစိတ်လျော့ထားနေတယ်! အဲ့ကျားလိုလိုလူလိုလိုကောင်ရဲ့အစားခံရနီးပဲ!!"

The beasts and The young manWhere stories live. Discover now