Chapter-14

2.6K 473 40
                                    

Zawgyi

ဒုတိယပြိုင်ပွဲကတော့ အမဲလိုက်ပြိုင်ပွဲတစ်ပွဲဖြစ်ပြီး အင်အားကြီးသားရဲတွေဟာ မျိုးနွယ်စုတွေကျက်စားရာဖြစ်သည့်တောအုပ်ကြီးထဲက သားကောင်တွေကို အမဲလိုက်သတ်ဖြတ်ရပြီး အကောင်ရည်များသည်ဖြစ်စေ ခက်ခဲစွာဖမ်းရသည့်သားကောင်တွေဖြစ်စေ၊သူတို့ရရှိသည့်သားကောင်ကို သူတို့သဘောကျသည့်အမတွေကို ပေးအပ်ရတဲ့ပွဲဖြစ်ပြီး တစ်ဖက်က အမဟာ လက်ခံခဲ့ရင် တွဲဖက်ထိအဆင့်တက်နိုင်သည့်အခွင့်အရေးဖြစ်သည်၊

"အမဲလိုက်ပွဲက စည်းမျဉ်းစည်းကမ်းတွေကိုတော့ မင်းတို့နားလည်ကျမယ်ထင်တယ်၊အဓိက အချက်ကတော့ အသက်သေဆုံးတဲ့အထိ တိုက်ခိုက်ခွင့်မပေးဘူး စည်းကမ်းဖောက်ပျက်သူတွေကို ပြင်းထန်တဲ့ပြစ်ဒဏ်ချမှတ်မယ်" မျိုးနွယ်စုတစ်စုရဲ့အကြီးအကဲဟာ ပြောဆိုလိုက်ပြီး အသင့်ဖြစ်နေပြီဖြစ်တဲ့သားရဲအထီးတွေကို တောအုပ်ဘက်ကို စတင်စေလွှတ်လိုက်တော့သည်။

ရှင်းရန်ဟာလည်း သားရဲအသွင်းပြောင်းသွားသည့်ကျားသစ်နက်ကို စိုးရိမ်ပူပန်စွာကြည့်လိုက်ပြီး

"အန်းစ်!" လို့ လှမ်းအော်လိုက်ပြီး ကျားသစ်နက်အနီးကို ပြေးထွက်သွားပြီး ကျားသစ်နက်ရဲ့မျက်နှာကို ရှင်းရန်ဟာ ကိုင်လိုက်ပြီး

"အန်းစ် အနိုင်ရရှိဖို့က အရေးကြီးပေမယ့်...ခင်ဗျားကိုယ်ခင်ဗျား အသက်အန္တရာယ်ဖြစ်စေမဲ့တိုက်ခိုက်မှုတွေကို ရှောင်ပေးပါနော်...ဒဏ်ရာမရမိစေနဲ့... ကျွန်တော်ပြောတာကို နားထောင်ပေးပါနော်"လို့ပြောလိုက်တော့ အန်းစ်ဟာ နားလည်ကြောင်းအသံပြုရင်း ရှင်းရန်ရဲ့ပါးကို လျက်ကာ ထွက်သွားတော့သည်။

အန်းစ်ထွက်သွားသည်ကို ရှင်းရန်​စောင့်ကြည့်နေရင်း မြေခွေးမျိုးနွယ်စုကလည်း ကြီးမားကာ လှပသည့်မြေခွေးကြီးတစ်ကောင်ထွက်လာတော့သည်။

တစ်ကိုယ်လုံး ငွေရောင်သန်းအမွှေးများနဲ့ဖုံးအုပ်ထားကာ ရွှေရောင်မျက်အိမ်ပိုင်ဆိုင်ထားပြီး ဝိုင်းစက်နေသည့်အနက်ရောင်မျက်ဝန်းများဟာ ရှင်းရန်ကို စိုက်ကြည့်နေခဲ့သည်။ထိုမြေခွေးကို ရှင်းရန်ဟာလည်း စိုက်ကြည့်နေရင်း မျက်မှောင်ကြုတ်သွားတော့သည်၊

The beasts and The young manWhere stories live. Discover now