Chapter - 3

5K 864 23
                                    


Zawgyi

အန်းစ်နဲ့ ရှင်းရန် ဒီခန်းထဲမှာ ထိုင်နေတာ ကြာပြီဖြစ်သည်၊ဘာလို့လဲဆိုတော့ လတ်လတ်ဆတ်ဆတ်ဖမ်းလာသည့် ငါးကြောင့်ဖြစ်သည် ၊ငါးဟာ ၂ပေလောက်ရှိပြီး တကိုယ်လုံး ငွေရောင်အကြေးခွံများ တည်ရှိပြီး ပါးဟပ်ကနေ အမြှီးထိ ရွှေရောင် အစင်းကြားဟာကန့်လန့်ရှိနေသည်...

ရှင်းရန်သည် သူရဲ့ ရောဂါသည်အစ်မနဲ့နေရတာကြောင့် အိမ်မှုကိစ္စ၊အချက်အပြုတ်ကအစ သူပဲတာဝန်ယူရတာကြောင့် ငါးဟင်းမျိုစုံချက်ဖူးပေမယ့် ဒီလို ငါးမျိုးက ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်၊ သူ ဘယ်လိုချက်ရမလဲမသိဘူး...

"ဘာလို့လဲ ရှင်းရန် မကြိုက်လို့လား"လို့ အန်းစ်ဟာ သူရဲ့ ကျားသစ်နက်နားရွက်လေးတွေဟာ ဝမ်းနည်းစွာ အောက်ကိုကုတ်ကျသွားပြီး... မေးလိုက်တာကြောင့် ရှင်းရန်ဟာ ခေါင်းခါလိုက်ပြီး

"ငါတို့ မျိုးနွယ်က သားစိမ်းမစားဘူး...ဒီလိုအစိမ်းတွေ မစားဘူး"လို့ ရှင်းရန်ဟာ ရှင်းပြနေပေမယ့် အန်းစ်ဟာ အူကြောက်ကြောင်မျက်နှာဘေးနဲ့ နားထောင်နေသည်၊ တချက်ကြည့်ရုံနဲ့ နားမလည်မှန်း သိသာလွန်းသည်၊ နောက်ဆုံးတော့... ရှင်းပြမနေပဲ လက်တွေ့ပြရန်သာ ဆုံးဖြတ်လိုက်တော့သည်၊

"ကျွန်တော့်ကို ဒီလောက် အရွယ်အစားရှိတဲ့ ကျောက်တုံးတွေ ရှာပေးပါလား... "လို့ ရှင်းရန်ဟာ သူလက်လေးနဲ့ သူလိုချင်သည့် ကျောက်တုံးအရွယ်အစားကို အန်းစ်ကို ပြောပြလိုက်သည်၊ ပြီးနောက်...

"ခင်ဗျား တတောင်လောက်ရှိတဲ့ သစ်သားချောင်း သုံးချောင်းလောက်လည်း ရှာခဲ့ပေးပါနော်" လို့ တောင်းဆိုကာ ပြောလိုက်သည်၊ မင်းသားတစ်ယောက်ကို ခိုင်းတာ သင့်တော်ပမလား...သူကိုယ်တိုင်ပဲ ထွက်ရှာရင်ကောင်းမယ်...

"တကယ်လို့ အန်းစ် ရှာရတာ အဆင်မပြေရင်..."လို့ပြောမလို့ပဲ ရှိသေးသည်၊အန်းစ်ဟာ တံခါးဝတောင်ရောက်နေပြီး ရှင်းရန်ကို ကြည့်ကာ

"ပြေတာပေါ့ ကိုယ့်ရဲ့ပထမဆုံး တွဲဖက်က ပေးတဲ့တာဝန်ပဲလေ! ကိုယ် ရှင်းရန်ပြောတဲ့ပုံစံအတိုင်း ရအောင်ရှာဖွေခဲ့ပေးမယ် အေးဆေး ကိုယ်တို့အိမ်ကနေပဲ စောင့်နေနော်"လို့ ပြောရင်း ပျော်ရွှင်စွာ ထွက်သွားသည့် အန်းစ်ကို ကြည့်ရင်း

The beasts and The young manWhere stories live. Discover now