Chapter -12

3.6K 576 30
                                    

Zawgyi

"အဲ့သစ္စာဖောက်က ဘာကြောင့်ဒီမှာ ရှိနေရတာလဲ"အဖြူရောင်ဆံပင်ရှည်များဖြင့်မြေခွေးသားရဲဟာ ရှင်းရန်ကို လက်ညှိုးစေကာ ပြောလာတော့သည်။မြေခွေးမျိုးနွယ်ရဲ့ခေါင်းဆောင်ပီပီ ထိုယောကျာ်းရဲ့အသံဟာ အာဏာပြည့်ဝကာ ပတ်ဝန်းကျင်ကို ခြိမ်းခြောက်မှုများ ပေးနိုင်စွမ်းရှိသည်။ဒါပေမယ့် ယောကျာ်းသုံးဦးကတော့ ရှင်းရန်ရှေ့၌ တံတိုင်းလို ကာကွယ်လာပြီး အန်းစ်ဟာ ထိုမြေခွေးသားရဲအထီးကို ကြည့်လိုက်တယ်။အန်းစ်ရဲ့အဝါ​ရောင်မျက်ဝန်းများဟာ သာမန်ထက်ပိုတောက်ပနေကာ ဒေါသရောင်များတလဲ့လဲ့ထိနေတော့သည်။

"မင်းရဲ့ အပြောအဆိုကို ဆင်ခြင်စမ်း" အန်းစ်ဟာ သူရဲ့ဒေါသကို ဖုံးကွယ်ထားရန်အကြောင်းမရှိပေ၊ရှင်းရှင်းပြောရရင် သူ့ရှေ့မှာ ရှိနေသည့်ဒီလူနှစ်ယောက်ဟာ ရှင်းရန်ကို သေတွင်းထဲပို့လိုက်သည်လူတွေဟု သိလိုက်ရုံနဲ့ သူ့ကိုယ်ထဲက သတ်ဖြတ်ချင်စိတ်များဟာ ဖုံးဖိထားမရပေ။သူမြတ်နိုးရတဲ့အမျိုးသားလေးဟာ ထိုချိန်က ဘယ်လောက်တောင် ဝမ်းနည်းအားငယ်နေမလဲ၊ဘယ်လောက်တောင် ကြောက်ရွံ့တုန်လှုပ်နေမလဲ တွေးမိရုံဖြင့် သူရဲ့နှလုံးသားဟာ အစိတ်စိတ်အမွှာမွှာပျက်စီးသွားသလို နာကျင်ရသည်။ဒါကြောင့် သူဟာ လေသံကိုပင် ထိန်းရန်စိတ်ကူးမရှိပေ။

"အထင်မလွဲပါနဲ့... ဒန်းနို တော်တော့လေ ခင်ဗျားက သူတို့ကို ကြောက်လန့်အောင် လုပ်နေတာပဲ" မာနီယန်ဟာ ယောကျာ်းသုံးယောက်ရဲ့ကာကွယ်မှုကိုခံထားရသည့်အိုရက်စ်(ရှင်းရန်)ကို မနာလိုစွာကြည့်လိုက်ချင်ပေမယ့် သူရဲ့အပြုအမူတွေကို ထိန်းသိမ်းရမည်။ဒီကမ္ဘာဟာ သူဖတ်ဖူးသမျှ သားရဲကမ္ဘာတွေလို မဟုတ်ပေ၊ဒီကမ္ဘာကသားရဲယောကျာ်းတွေဟာ ထက်မြက်လွန်းသည်။သူတို့ဟာ သစ္စာကြီးကြပေမယ့် ထက်မြက်လွန်းကာ လှည့်စားရမလွယ်ကူပေ။သူတောင် အကွက်ကျကျစေ့စပ်သေချာခဲ့လို့ အိုရက်စ်ကို မျိုးနွယ်စုကနေ ပထုတ်နိုင်ခဲ့သည်မလား။ဒါပြင် ဒန်းနိုကလည်း အိုရက်စ်ကို သစ္စာဖောက်ကောင်ဟုသာ ထင်မှတ်ထားသေးသည်လေ။

ရှင်းရန် သူတော်ကောင်းလို ပြုမူနေသည့်မာနီယန်ကြောင့် စိတ်ထဲကနေရယ်မောလိုက်သည်။ဇာတ်လိုက်သုံးကောင်က ကြောက်လိမ့်မည်တဲ့လား။ဒီတစ်ယောက် သူရှေ့က ဒီအရပ်ရှည်ရှည်ကြီးကောင်ကြီးမားနဲ့ယောကျာ်းတွေဆီက အကြောက်တရားကို ဘယ်လိုခံစားသိရှိပြီး ပြောလိုက်တာလဲ။ပြီးတော့ သူရှေ့မှာ ကြာပန်းဖြူယောင်ဆောင်ပြနေသေးတယ်။

The beasts and The young manWhere stories live. Discover now