Chapter-22

1.5K 308 7
                                    

Zawgyi

ရှင်းရန်တို့အဖွဲ့က ကျားမျိုးနွယ်ကို စတင်မြင်လာတော့သည်၊သူတို့အဖွဲ့ရဲ့အရှိန်ဟာ မြန်လှတဲ့အပြင် မျိုးကွဲသားရဲထီးများပြေးလာတာကြောင့် ကျားမျိုးနွယ်ရဲ့သားရဲများက လူစုကာ တိုက်ခိုက်ရန်ပြေးလာတော့သည်၊

*ဝေါင်း*

ဂရင်းရဲ့ကျယ်လောင်တဲ့ဟိန်းသံကြောင့် ရှင်းရန်ပင် နားနှစ်ဖက်ကိုအုပ်လိုက်ရသည်၊တိုက်ခိုက်ရန် ပြေးလာတဲ့ကျားတွေကလည်း ရပ်တန့်သွားတော့သည်၊သူတို့က ချက်ချင်းအသွင်ပြေးလိုက်ပြီး

"မင်းသား ပြန်လာပြီပဲ" လို့ပျော်ရွှင်စွာ ဝိုင်းပြောလာတော့သည်၊ဂရင်းက တစ်ချက်သာခေါင်းညိတ်ပြလိုက်ပြီး ရှင်းရန်တို့ကိုဦးဆောင်ကာခေါ်ဆောင်သွားတော့သည်၊

ကင်းစောင့်အဖွဲ့များကလည်း ဂရင်းရဲ့ကျောပေါ်က အလှလေးကို စိတ်ဝင်စားဖွယ်မော့ကြည့်နေတော့သည်၊မင်းသားဂရင်းက ကျားမျိုးနွယ်က အမတွေကိုသာမက သူတို့နဲ့မဟာမိတ်ဖွဲ့ထားတဲ့မြေခွေးမျိုးနွယ်က အမတွေကိုတောင် စိတ်မဝင်စားသူဖြစ်သည်၊

လွန်ခဲ့တဲ့ရက်အနည်းငယ်က ထွက်သွားတဲ့သူတို့မင်းသားက အမတစ်ယောက်ကိုခေါ်ကာ ပြန်ရောက်လာတဲ့အဖြစ်အပျက်က အနည်းငယ်တော့ အံ့အောစရာကောင်းလှသည်၊

ဂရင်းက ခေါင်းဆောင်ရဲ့ခြံဝန်းဆီကို ဦးတည်သွားလောက်သည်၊အနောက်မှာလည်း စပ်စုချင်နေတဲ့ကျားမျိုးနွယ်အုပ်စုလည်း ပါလာတာကြောင့် ခေါင်းဆောင်ရဲ့ခြံဝန်းနားမှာ လူအုပ်ကြီးကစုပြုံနေတော့သည်၊

ဂရင်းက မြေပြင်မှာဝပ်လိုက်တော့ ခရစ်ဘ်က ရှင်းရန်ရဲ့ခါးကိုလှမ်းကိုင်ရင်း မြေပြင်ပေါ်ချလိုက်သည်၊ဂရင်းလည်း လူအသွင်ပြန်ပြောင်းလိုက်ပြီးနောက်မှာ သူ့ရဲ့ဝက်ဝံသားရေကို ခါးမှာစီးလိုက်ပြီးနောက်မှာ ရှင်းရန်ရဲ့လက်လေးကို လှမ်းဆွဲပြီး ခြံဝန်းထဲကို ဝင်သွားတော့သည်၊

"မင်းသားက အမတစ်ယောက်ကို ခေါ်လာတာပဲ!"

"မင်းသားရွေးချယ်လာတဲ့အမက လှလိုက်တာ...ဒါကြောင့် မင်းသားက မျိုးနွယ်ထဲက အမတွေကို စိတ်မဝင်စားတာကိုး" ကျားသားရဲအထီးတွေကတော့ သူတို့ပြောချင်ရာကိုပြောနေတော့သည်၊အနီးနားက အမတွေရဲ့အမူအရာကပျက်သွားပေမယ့် ဒီအမကို မရွေးရင်လည်း သူတို့ကိုမင်းသားက မရွေးချယ်မည်ကို သိပြီးသားပင်၊ဒါကြောင့် သူတို့ရဲ့အကြည့်တွေက အခြားမျိုးနွယ်က အထီးတွေဆီရောက်နေတော့သည်၊

The beasts and The young manWhere stories live. Discover now