Chapter -16

2K 365 28
                                    

Zawgyi

တစ်ချို့ဟာလည်း သူတို့သဘောကျနှစ်သက်တဲ့ အမတွေကို ပေးအပ်ကျပြီးနောက်မှာတော့ တော်တော်များများရဲ့အကြည့်တွေဟာ လင်းယုန်သားရဲအထီးဆီကို ရောက်သွားကျတော့သည်၊

ပြိုင်ပွဲမှာ အနိုင်ရရှိသူကို အမ​တွေဟာ သဘောအလွန်ကျတာကြောင့် သူတို့ဟာ ဖုံးကွယ်ရန် စိတ်ကူးလည်းမရှိပေ၊လင်းယုန်သားရဲထီးဟာ အေးတိအေးစက်နဲ့သာ ရှိနေပြီး လင်းယုန်မျိုးနွယ်ကလူတွေဟာလည်း အလွန်တရာဂုဏ်ယူနေကြတော့သည်၊ တစ်ချို့သော လင်းယုန်မျိုးနွယ်ရှိ အမတွေဟာလည်း ထိုယောကျာ်းအနီးကိုလာကာ ဆွဲဆောင်နေတော့သည်၊

မာနီယန်ဟာလည်း လင်းယုန်သားရဲအနီးကိုလာကာ ပြုံးရင်း နူတ်ဆက်လိုက်သည်၊

"ဂုဏ်ယူပါတယ် လင်း"

လင်းရဲ့အကြည့်တွေဟာ မာနီယန်ဆီရောက်သွားပေမယ့် ထိုပယင်းရောင်မျက်ဝန်းတွေက အရင်တိုင်းမပြောင်းမလဲဘဲ အေးတိအေးစက်နဲ့သာ၊

"အင်း"

လင်းဟာ ပြန်ဖြေလိုက်ပြီးနောက်မှာတော့ ကျားသစ်နက်မျိုးနွယ်ဘက်ကြည့်လိုက်သည်၊သူဟာ အန်းစ်ဘက်က ဒေါသတကြီးတုန့်ပြန်မည်ဟု ထင်မှတ်ခဲ့ပေမယ့် အန်းစ်ဟာ လူတစ်ယောက်ရင်ခွင်ထဲနေနေကာ နှစ်သိမ့်ပေးနေသလိုပင်၊

လင်းရဲ့အကြည့်တွေဟာ အန်းစ်ရှေ့ကလူဆီရောက်သွားချိန်မှာ အနည်းငယ်မင်သက်သွားတော့သည်၊ထိုလူရဲ့အလှကြောင့် မင်သက်သွားခြင်းမဟုတ်ဘဲ ရင်းနှီးနေသောမျက်နှာကြောင့်ဖြစ်သည်၊

"မင်ရှင်းရန်" လင်းဟာ စိတ်ထဲကနေခေါ်လိုက်ပြီးနောက်မှာ သူရဲ့ခြေလှမ်းများဟာ အန်းစ်တို့ဆီရောက်လာတော့သည်၊ထိုနောက်မှာတော့ အမြဲတစေ အေးတိအေးစက်နိုင်လှတဲ့လင်းရဲ့အမူအရာဟာ နွေးထွေးနေပြီး ပြုံးတောင်ပြုံးနေသေးသည်၊

ရှင်းရန်ရဲ့အကြည့်တွေကလည်း လင်းဆီရောက်သွားတော့သည်၊အန်းစ်တို့ကလည်း လင်းဘက်လှည့်ကြည့်လာကာ မျက်မှောင်ကြုတ်သွားတော့သည်၊ဒါပေမယ့် လင်းဟာ ထိုနှစ်ယောက်ကို ဂရုမစိုက်ဘဲ ရှင်းရန်ကိုသာ ကြည့်နေပြီးနောက်မှာတော့ နူတ်ခမ်းများဖွင့်ဟလာကာ ပြောလာတော့သည်၊

The beasts and The young manWhere stories live. Discover now