ဟန်ဟွားမေ

5.8K 399 2
                                    

လော့ဟန်တစ်ယောက်  ချစ်ရသူကိုသတိရလွမ်းမိပေမယ့်  တစ်ဖက်မှာလည်း ခမည်းတော်လုပ်ကြံခံရပီး   မင်းညီမင်းသားတွေနန်းလု ကြတာကြောင့်  အချင်းချင်းတိုက်ခိုက်မှုတွေကြား လော့ဟန်ဟာလည်း ပါဝင်ခဲ့ရတယ်  
ညီအစ်ကိုသုံးယောက်ရှိပီး  လော့ဟန်က   မိဖုရားကြီးကမွေးကာ   မင်းသားကြီး က  ခမည်းတော်အရေးပေးတဲ့  ကြင်ယာတော်မှမွေးသူဖြစ်တယ်   မင်းသားငယ်ကတော့
ကိုယ်လုပ်တော်မှမွေးသူဖြစ်ပီး   နန်းတော်တစ်ခုလုံးရဲ့ ပစ်ပယ်ခြင်းခံရသူမို့    အားလုံးကိုမုန်းတီးနေသူဖြစ်တယ်

"မင်းသား   အဆင့်သင့်ပြင်ထားပါပီ    စိတ်ချရတာမဟုတ်တာကြောင့်   လန်နိုင်ငံကိုအကူအညီတောင်းရင်ရော"

"မလိုဘူး   သူ့ကိုစိတ်မပူစေချင်ဘူး   "
လော့ဟန်  ကောင်းကင်ကိုမော့ကြည့်ရင်း 
*ကလေးရေ  ကံမကုန်ရင်  ကိုယ်တို့ပြန်တွေ့ နိုင်မှာပါ  *

စစ်ဝတ်စုံနဲ့ ဆံပင်ကိုခပ်မြင့်မြင့် စီးထားတဲ့  လော့ဟန်ဟာ
သူ့စစ်သည်အတွက်ကတော့ ခေါင်းဆောင်ကောင်းပီသသူတစ်ယောက်ပင်

လော့ရန်က  မင်းသားကြီး ဖြစ်ပေမယ့်  အားလုံးရဲ့  အလိုလိုက်မှုခံရသူမို့   ဆိုးသွမ်းအပျော်လိုက်စားသလို နိုင်ငံရေးစိတ်မဝင်စား ပေ အငယ်ဆုံးမင်းသား   ဖန်ရန်ကျတော့  ကောက်ကျစ်တယ် သွေးအေးရက်စက်တယ်
ခန့်မှန်းရက်ခက်သူပင်    လော့ဟန်က  ဘုရင်ကိုယ်တောင်  အိမ်ရှေ့ စံအဖြစ်ရာထာခံရသူပင်    ဒါကြောင့်  ဖန်ရန်နဲ့  လော့ဟန်က အမြဲပြိုင်ဆိုင်နေကြတာပင် ခုပွဲဟာလည်း
ဖန်ရန်နဲ့လောဟန်သာအဓိကဖြစ်တယ်

ဟွားမေတစ်ယောက်   စစ်ရေးလေ့ကျင့်လိုက် ဗျူဟာလေ့လာလိုက်  နဲ့  အတော်မှပျင်းနေပီဖြစ်တယ်    ဒါကြောင့်မြို့ တော်ဈေးဘက်  ထွက်လာခဲ့တယ်   

ကျန်းဝေရွယ် တစ်ယောက်  ကျစ်ခမ်းဆီက အရေးပေးမှုမရတော့တာကြောင့်  စိတ်တိုနေမိတယ်  သူ့ကိုပစ်ပီး ဘာမဟုတ်တဲ့ကိုယ်ရံတော်အပေါ်  နစ်မွန်နေတာ  ဘယ်လိုတောင်  ရွံ့ ဖို့ကောင်းလိုက်လဲ  
ဒါတွေအားလုံး   ဟွားမေကြောင့်ဖြစ်ရတာ  ဟန်ဟွားမေ  မင်းက  ငါပိုင်တာဆို အမြဲလုယူတယ်  နင်မရရင်  ဖျက်ဆီးပစ်လိုက်တယ်     မင်းသာမရှိရင်  အရာအားလုံးငါရမှာပဲ 

IN  AIR   SYSTEM(Completed)Where stories live. Discover now