ဟွမ်မင်

3.3K 284 5
                                    

အရှိန်ပြင်းပြင်းလောင်းကျွမ်းနေတဲ့မီးကြောင့် သိုလှောင်ရုံကို  ကြည့်ကာ  ယဲ့ကွမ်း ရင်ကွဲမတက် အော်ဟစ်နေမိသည်။ကျေးဇူးပြုပြီး  ငါ့က်ုမဆွဲပါနဲ့   ငါသွားပါရစေ  သူအထဲမှာရှိနေလို့ ပါ။ အတင်းဆွဲထားတဲ့ ကိုယ်ရံတော်တွေကြောင့်  ယဲ့ကွမ်း   ဘာမှမတတ်နိုင်ခဲ့။

"အူး ဝဲ  ဝဲ …… "

ကျယ်လောင်စွာထွက်ပေါ်လာတဲ့  ကလေးငိုသံနဲ့ အတူ  ကောင်းကင်တစ်ခွင်  ထိုးထွင်းပျံသန်းနေတဲ့  ရွှေရောင်နဂါးကြီးဟာ   မိုးရွာသွန်းစေကာ  လောင်နေသော မီးတွေကို  ငြိမ်းသွားစေသည်။ ထိုအဖြစ်အပျက်ကြောင့် လူတွေကြောင်အနေစဉ် ယဲ့ကွမ်းဟာ   သိုလှောင်ရုံထဲသို့  ပြေးဝင်သွားလေတော့သည်။မြင်လ်ုက်ရတဲ့ မြင်ကွင်းကြောင့်   ယဲ့ကွမ်း  တစ်လှမ်းချင်းလျှောက်သွားမိကာ   အသညါးအသန်ငိုယိုနေသော  ကလေးငယ်ကို ပွေ့ လျက် ရှိနေတဲ့ ဟွမ်မင်ရှေ့   ဒူးထောက်ချလိုက်လေသည်။ဟွမ်မင်အနားတွင်      သတိမေ့နေသော  မိန်းမတစ်ယောက်လည်း ရှိလေသည်။

ယဲ့ကွမ်း  ဟွမ်မင်ရဲ့ မျက်နှာလေးက်ု   ဖွဖွလေးထိကိုင်လ်ုက်လေသည်။ထို့ နောက်  ဟွမ်မင်လက်ထဲက  မိခင်မရှိတော့သည်ကို  သိသည့်အလား ကလေးငယ်ကို  ညင်သာစွာ  ယူဆောင်ပွေ့ ချီရင်း    ယူကြုံးမရ  ဝမ်းနည်းဆို့ နင့်မှုကြောင့်   အော်ဟစ်ငိုယ်ုလေတော့သည်။

သိုလှောင်ရုံအပျက်အတွင်း    ငိုယိုသံတွေဟာ  အနီးအနားထံ  ကျယ်လောင်စွာ ပျံ့လွင့်လေတော့သည်။ဘယါသူမှ  မသိတာက  သားအဖနှစ်ယောက်ကို ကြည့်ကာ  ရင်ကွဲမတတ်င်ုနေတဲ့ အရိပ်လေးက်ုပေါ့။

*******

နှစ်နှစ်ဆယ်ကြာပြီးနောက်     ယဲ့ကွမ်းရဲ့  အသက်ဟာ  ခြောက်ဆယ်  ကျော်လာခဲ့ပြီဖြစ်လေသည်။တစ်ဦးတည်းသောသားတော်ဖြစ်တဲ့ ကောင်းဟွမ်စစ်  သည်    ယခုကို ထီးနန်းကို ဆက်ခံနိုင်တဲ့အရည်အချင်း ပြည့်ဝလ်ု့ နေပြီဖြစ်လေသည်။ဖခင်လို  ရဲရင့်တဲ့သွေးနဲ့  မိခင်လို ကြင်နာတတ်သည့် ဟွမ်စစ်ဟာ   ပြည်သူတွေ လေးစားချစ်ခင်ရတဲ့  အိမ်ရှေ့ စံဖြစ်လေသည်။

သင့်တော်ထက်မြတ်တဲ့ မိန်းကလေးကို   လက်တွဲကာ   ထီးနန်းကို ဆက်ခံယူနေတဲ့ သားတော်ကို  ဟွမ်မင်လည်း ပီတိဖြစ်နေမယ်လို့  ယုံကြည်သည်။

IN  AIR   SYSTEM(Completed)Where stories live. Discover now