ပိုင်ဖုန်းဟွား

3.7K 384 9
                                    










************************

Unicode

ကျင်းရန်   အကွယ်တစ်ခုကနေ  အရာအားလုံးကို မြငိတွေ့နေရတယ်  ချစ်ရသူနာကျင်သွားတဲ့မြင်ကွင်းကိုရောပေါ့     ချီဟူကတော့  နာကျင်မှုဒဏ်ကြောငိ့   မူလမြေခွေးပုံပြောင်းသွားကာ  မြေပြငိပေါ် လူးလိမ့်လောင်ကျွမ်းနေလေတယ်  မြေခွေးလေး  နာကျင်ခံစားနေတာကို ကြညိ့ပြီး ထိုမိန္ဆာအိုက  တဟားဟား အော်ရီရင်း    သူ့ရဲ့လက်စွဲတော်   မှော်လက်နက်ကိုကိုင်မြောက်ပြီး  ပါးစပ်က လည်း ရွတ်နေလေတယ် 

ထိုအချိန် လဟာလည်း အလင်းရောင်  အထွန်းလင်းတောကိပဆုံး  သန်းခေါင်ချိန်ဖြစ်လာလေပြီ       အချိန်ကျပြီဆိုတာသိလိုက်တာနဲ့  ကျင်းရန်   ပုန်းနေရာကထွက်လိုက်ကာ  မှော်ဆရာနဲ့  ရင်ဆိုင်တိုက်ခိုက်လေတယ်     ကျင်းရန်နဲ့မှော်ဆရာတိုက်ခိုက်သလို  ကျင်းရန်ကိုယ်ရံတော်နဲ့  မှော်ဆရာတပည့်ဟာလည်း  တိုက်ခိုက်ကြလေတယ်     ကျင်းရန်  မှော်ဆရာကို ဒဏ်ရာရစေလိုက်တယ်   မှော်ဆရာလှဲကျနေတဲ့အချိန်   ဖုန်းဟွားကို  ပိတ်ထားတဲ့ လှောင်အိမ်ကြီးဆီ လျောက်လာခဲ့တယ်     ကျင်းရန်   ခြေတစ်လှမ်းတိုးတိုင်း   မြေအောက်မှ  ဆူးညှောင့်များ  ထွက်လာကာ  ခြေထောက်တွေကို  ထိုးဖောက်သွားလေတယ်   နာကျင်မှုကို တောင့်ခံရင်း   လှောင်အိမ်ဆီရောက်သွားခဲ့တယ်  

"ဟက်  မဆိုးပါဘူး   ဒါပေမယ့်  ဒီလှောင်ချိုင့်ကို အုပ်ထားတဲ့ မိုးကြိုးပိုက်ကွင်ကို  ဖြေနိုငိပါ့မလား  ငါကြည့်ချင်တယ် "

လှောင်အိမ်ထဲက  ကျုံ့ကျုံ့လေးထိုင်နေသော  ဟွားအော်ကိုကြည့်ရင်း 
"မကြောကိနဲ့  ကိုယ်လာပြီ   "
နှစ်ယောက်သား  မျက်ရည်တွေကျနေရင်း   ပြုံးမိကြသေးတယ်  

"မလုပ်ပါနဲ့  "  ဟွားအော်ဆီက  တိုးလှတဲ့တားမြစ်သံလေးတစိခု  
"ကိုယ့်ကို  ယုံပါ  "  ကျင်းရန်  ပြန်ဖြေလိုက်ရင်း   မိုးကြိုးပိုက်ကွင်ပေါ်ကို   လက်တင်လိုက်တယ် 




အဟီး  ဒီပိုင်းကတိုသွားတယ်  စိတ်မရှိပါနဲ့ဗျ  ဒီနေ့  follower  1k ပြည့်သွားပါပြီ  ကျေးဇူးပါ  ခုလို ပုကြုနဲ့အတူ ရှိနေပေးလို့  နောက်လည်းရှိနေပေးကြမယ်လို့ယုံကြည်ပါတယ်   အားလုံး ဝေါ်  အိုက်  နီ 

IN  AIR   SYSTEM(Completed)Where stories live. Discover now