အတိတ်နေ့ ရက်များ(5)

1.4K 159 5
                                    

ဇီကျွင်း   ဖုန်းချန်တွင်   နေသည်မှာ ငါးရက် ပင် ရှိသွားခဲ့ပြီ။အလှလေးကို  ခဏသာ မြင်ဖူးလ်ုက်သည်မို့  ဘယ်သူဘယ်ဝါဆ်ုတာ  မသိပေမယ့်  ဒီငါးရက်အတွင်း သူ  စုံစမ်းသိရှိခဲ့ရ၏။မထင်ထားမိပေမယ့်   အံ့လည်းမသြမိပေ။ထိုအလှလေးသည်က   အိမ်ရှေ့  ကြင်ယာတော်လောင်းလျာလေး  ဖြစ်နေသည်ကို။

သို့ ပြင်  တော်ဝင်အနွယ်လည်း ဖြစ်   ရှင်ဘုရင်  ကိုယ်တိုင်ပင်    အလေးအနက်ထား ဆက်ဆံခံရသူ   ကျန်းမျိုးနွယ် သခင်လေး  ချန်ယွဲ့ ပင်။ရေကန်သင့် ကြာအသင့်  ဆိုသလိုပဲ  သူ ကျန်းအိမ်တော် ထံဝင်ဖို့   လမ်းဖွင့်ပေးထားသလို   ဖြစ်နေသည်မှာ    ကျန်းအိမ်တော်က  ကိုယ်ရံတော်များ  ခေါ်ယူနေလြင်းကြောင့်ပင်။

ဇီကျွင်း  အနက်ရောင် ချည်သား ဝတ်စုံကို  ပေါ့ပေါ့ပါးပါး  ဝတ်ဆင်ထားပြီး   ကျောလယ်ထိရှည်တဲ့ ဆံပင်များကို   ခပ်မြင့်မြင့် မြောက်စည်းထားလိုက်သည်။ဘယ်သူ ထင်မှာလည်း   ဒီလိုရုပ်ရည်နဲ့  သူက  အသက်  ငါးရာကျော်  နေပြီ ဆိုတာ  ။

ဇီကျွင်း  ကျန်းအိမ်တော်ရဲ့   ကိုယ်ရံတော် ရွေးခြယ်ပွဲသို့   ထွက်လာခဲ့လိုက်၏။

"ကြွရောက်လာကြတဲ့ လူကြီးမင်းအပေါင်းတို့     ကိုယ့်အစွမ်းအစကို ပြပြီး အရွေးချယ်ခံဖို့   နာမည်စာရင်း  သွင်းနိုင်ပါပြီ"   ဟူသော  လှုံ့  ဆော်မှုအပြီး  စာရင်းပေးသူများဟာ  အတိုးအကြိတ်ပင်။

စာရင်းပေးသွင်းပြီးနောက်မှာတော့   ဆယ်ယောက်တစ်သုတ်စီ ခွဲကာ ယဉ်ပြိုင်စေပြီး  စင်ပေါ်တွင် နောက်ဆုံး ကျန်ရစ်သူက   နောင်အသုတ် ကျန်ရစ်သူများနဲ့  ပြန်ယဉ်ပြိုင်စေမည် ဖြစ်၏။ 

ဆယ်ခါယဉ်ပြိုင်မှုအပြီး  ဇီကျွင်းအပါအဝင်  ဆယါယောက် ကျန်ရှိကာ    မနက်ဖြန်မှ ပြန်ပြိုင်ရမည်  ဖြစ်သည်။ ကျန်းအိမ်တော်သည်  တော်ဝင်မိသားစုများ  ဖြစ်၍    အိမ်တော်အမှုထမ်းတွေကို  လုပ်ခလုံလုံလောက်လောက်ပေးထားပြီး  အမှုထမ်းရဲ့  အိမ်တွေကို ပါ  ထောက်ပံ့ပေးထား၏။ဒါကလည်း   အမှုထမ်းများ  သူ့ တို့ ကို ပေးအပ်ထားသည့် အသက်များတွက် ပင်။

IN  AIR   SYSTEM(Completed)Where stories live. Discover now