ကျန်းချိန်

2.6K 269 5
                                    

အချိန်ကာလတစ်ခုရောက်လာတော့ ကျန်းချိန် ကမွေးဖွားခန်းနီးလာလေပြီ။ထို့ အတူ ဇာတ်လိုက်စုံတွဲဟာလည်း ပွင့်လင်းတဲ့ အခြေအနေရောက်နေကြပြီဖြစ်သည်။ကျန်းအိမ်တော်မှ ကျန်းလိန် ထွက်ခွာလာကာ ကိုယ်ပိုင်ရပ်တည်နေနိုင်၍ ဘာကိုမျှ ပူပန်စရာမလိုတော့ပေ။ကျန်းသခင်မကြီးကတော့ သားနှစ်ယောက်လုံးကို ကျန်းသခင်ကြီးရဲ့  စွန့် ပစ်မှုကြောင့် ပူဆွေးဝမ်းနည်းကာ စိတ်နာသွားသည်လား မသိ။အိပ်ရာထဲ လှဲကျကာ ကျန်းသခင်ကြီးနဲ့  စကားပင် ဟုတ်တိပတ်တိမပြောတော့ပေ။ကျန်းအိမ်တော်သည် နွေရာသီလို ပူပြင်းခြောက်သွေ့  နေတော့သည်။

ဆန့်ကျင်ဘက်အနေဖြင့် ကျန်းအိမ်တော်ခွဲဖြစ်တဲ့ ကျန်းလိန်တို့  အိမ်ဟာ ပိုမို အဆင်ပြေချောမွေ့ လာလေသည်။လုပ်ငန်းသည်လည်း ပြည်ပ ရှယ်ယာရှင်တွေပါ ပါဝင်လာသည်ကြောင့် အတော်အဆင်ပြေလေသည်။

"ဟင်း............ "

"ဘယ်နားအဆင်မပြေလို့ လဲ အားချိန် "

"မဟုတ်ပါဘူး ဒီတိုင်း အားချိန် ရင်ထဲမကာင်းလို့  "

"ရော့ အားချိန်ကြိုက်တဲ့ ပန်းသီး စိတ်ပြေလက်ပျောက်စားလိုက်အုံး မွေးခန်းနီးနေပြီ စိတ်ကို အကောင်းဆုံးပြင်ဆင်ထားရမယ် စိတ်ရှုတ်စရာတွေ မတွေးနဲ့ တော့ "

"အင်း ကျဲကျဲ "

*****

"အစ်ကိုကြီး ကျွန်တော် သဘောမတူဘူး "

"မင်းသဘောမတူတာ ငါဘာလုပ်ရမလည်း မင်းအလေလိုက်လို့  ဒီကိစ္စတွေ ဖြစ်လာတာလေ ငါတို့ ယဲ့အိမ်တော်ရဲ့  မျိုးဆက်ကို အပြင်မှာ ထားဖို့  စဉ်းစားနေတာလား "

"ဒါပေမယ့် "

"သားကြီး ပြောတာ ဟုတ်တယ် ဘယ်လိုပဲ မင်းလက်မခံဖြစ်နေပေမယ့် အဲ့ကလေးက ငါ့တို့ အိမ်တော်က မျိုးဆက် ပစ်ထားတာ လူတွေသိရင် နောင်တချိန် အိမ်တော်ကို လာထိခိုက်လိမ့်မယ်"

သားအမိသုံးယောက် အကြိတ်အနယ် ဆွေးနွေးပြီးနောက် ကျန်းချိန်ဗိုက်ထဲက ကလေးကို မွေးလာသည်နှင့် ခေါ်ဆောင်လာဖို့  သဘောတူညီမှု ရရှိသွားလေသည်။ဖေးရှန်အနေဖြင့် ဒီတစ်သက် အိမ်ထောက်ဖက်ရရန်လမ်းမမြင်သလို လုရွှမ်းကလည်း အတိအကျတွဲသည်မရှိပဲ ပွေရှုပ်လွန်းလှသည်။ကျန်းအိမ်တော်ဆိုသည်ကလည်း အဆင့်မြင့်အိမ်တော် ဖြစ်တာကြောင့် သွေးကောင်းဟု ဆိုနိုင်သည်။ထို့ ကြောင့် ယဲ့အိမ်တော် ဆက်ခံသူအဖြစ် ရည်ရွယ်ကာ ခေါ်ဆောင်လိုခြင်းပင်။

IN  AIR   SYSTEM(Completed)Where stories live. Discover now