ရှင်းညို့ ဆက်

2.9K 266 8
                                    

ချန်ယွဲ့  မျက်လုံးတွေ  ဖွင့်လိုက်တာနဲ့  သူအရင်မြင်လိုက်ရတာက   ကွန်ပျူတာ screen တစ်ခုပင်။Screen ပေါ်တွင်  တည်ရှိနေတဲ့အကြောင်းအရာကတော့   e-sportအဖွဲ့  တစ်ခုရဲ့  အဖွဲ့ ဖျက်သိမ်းကြောင်း  ကြောညာတစိခု။ ဆိုတော့ သူဝင်လာတဲ့ကမ္ဘာဟာ  E-sport ကို အခြေခံထားတဲ့ ကမ္ဘ္ဘာတစ်ခုမှန်း သူရိပ်စားမိလိုက်လေသည်။

သူ့ ကွန်ပျူတာထက်က  အဖွဲ့ နာမည်ဟာ  W&W   ဖြစ်ပြီး  ဒီနှစ်တွင်း Mနိုင်ငံရဲ့  အကျော်ကြားဆုံး နဲ့  ဂုဏ်ဆောင် အဖွဲ့ တစိခုပင်။သို့ သော်   ယခုတွင်  ထိုအဖွဲ့  ကွဲကွာဖို့  ဖြစ်လာလေပြီ။ ထိုအဖွဲ့ ကြောင်း ဘာလို့  ဒီလောက်  စပ်စုနေလဲ  ဆိုရင်တော့  ချန်ယွဲ့   ပြန်ဖြေရလိမ့်မည်။

"အဲ့အဖွဲ့ ထဲ မင်းပထွေး  ဇာတ်လိုက်လောင်းလျာကြီး  ရှိနေ လို့ ပဲ  ဒီအဖေက   ဘာမဟုတ်တာတွက် အချိန်ကုန်ခံမယ်  ထင်နေလား    ထင်လည်း လဲသေလိုက်"  

[စိတ်မဆိုးပါနဲ့   ဇာတ်ကြောင်းဖတ်ချည်  ]

"ဟွန့်  "

ချန်ယွဲ့  ဝင်ထားတဲ့ကိုယ်ဟာ  gamer တစ်ယောက် ဖြစ်ပြီး  အသက် ဆယ့်ရှစ်သာ  ရှိသေးသည်။ဂိမ်းဆော့ရမည်ဆို  ထမင်းမေ့ဟင်းမေ့ပင်။ဂိမ်းလောကအကြောင်း  သူမသိတာ မရှိသလောက်  ဇာတ်လိုက်သညိက  သူ့ idol ပင်  ဖြစ်လေသည်။ ဒါပေမယ့်   သူဟာ  အစွဲလမ်းကြီးသူမို့    idolရဲ့  dating   သတင်းတွေ တွေ့ တဲ့အခါ    ဒေါသထွက်လေတော့သညိ။ဒါ့အပြင်  သူ အကြိုက်ဆုံးteen ဖြစ်တဲ့ W&W ကလည်း  ဖျက်သိမ်းတော့မည်  ဆိုတာကြောင့်  သူ့ဒေါသကို  ပိုကြီးထွားစေသည်။အကြောင်းမှာ   ဒုတိယဇာတ်လိုက် နဲ့   ဇာတ်လိုက်ကြားပြသာနာ ဖြစ်စေသူက   ဇာတ်လိုက်မ ကြောင့်ပင်။ သူဟာ  ဇာတ်လိုက်မကို  လိုက်နှောက်ယှက်ကာ  ဇာတ်လိုက်နဲ့  လမ်းခွဲစေချင်သည်။သို့ သော်  သူမသိခဲ့တာက   သူပြုတဲ့အမှုကြောင့်  ဇာတ်လိုက်နဲ့  ဇာတ်လိုက်မကြား မရှိခဲ့တဲ့ အချစ်တွေဟာ  ပေါ်ပေါက်လာခဲ့တယ်ဆိုတာ။ဒါပေမယ့်  သူဟာ အဆုံးထိ  လိုက်နှောက်ယှက်ဆဲပင်။ထိုသို့ နှငိ့  ကားတိုက်ခံရကာ  သေဆုံးခဲ့လေသည်။

ဒီကမ္ဘာရဲ့   ဇာတ်လိုက်ဟာ    နေ့ စွဲသစ် ဖြစ်ကာ  Day ဟူ၍  ဂိမ်းလောကတွင်   ကျော်ကြားလေသည်။နေ့ စွဲသစ် မိဘတွေက  ကျောက်မြတ်ရတနာ လုပ်ငန်းကို   ပိုင်ဆိုင်ထားပြီး   ငွေကြေးချမ်းသာမှုက  ထိပ်တန်းမိသားစုတစိခုပင်။ဇာတ်လိုက်မ  မြင့်ဇူးဇူးသွယ်နဲ့  မိဘချင်းသဘောတူထားကြပြီး  မြငိ့ဇူးဇူးသွယ် က  ဒုတိယဇာတ်လိုက်   စိုင်းဝဏ္ဏမင်း ကို သာ  သဘောကျလေသည်။ စိုင်းဝဏ္ဏမင်းနဲ့ မြင့်ဇူးဇူးသွယ်သည်ကား  ငယ်သူငယ်ချင်း ငယ်ချစ်ဦး ဖြစ်သည့်တိုင်    စိုင်းဝဏ္ဏမငိး မိသားစုက  ဆင်းရဲသည်ကြောငိ့  မြင့်ဇူး မိဘတွေက   လက်မခံပေ။

IN  AIR   SYSTEM(Completed)Where stories live. Discover now