ကျန်းချိန်

2.6K 278 3
                                    

ကျန်းလိန် နေကောင်းသွားတာနဲ့ အတူ မိန်စူးနှင့် အခြေအနေဟာလည်း တစ်ဆင့်တိုးသွားလေသည်။ဒါကို သိသွားတဲ့ ကျန်းသခင်ကြီးမှာ မိန်စူးကို အိမ်တော်က အလုပ်ထုတ်မောင်းထုတ်လိုက်လေသည်။ကျန်းလိန် ဒေါသထွက်ပေမယ့် မိန်စူး ဒီအိမ်တော်မှာ ဆက်နေရင် စိတ်ဆင်းရဲနေရမှာ သိတာကြောင့် မိန်စူးကို သူ့အိမ်တွင် ကျန်းချိန်နဲ့  နေစေသည်။

မိန်စူးရောက်လာမှ ကျန်းချိန် မပျင်းရတော့ပေ။ တစ်နေ့ တစ်နေ့  စားလိုက်အိပ်လိုက်ဖြင့် စိမ်ယူနေတာ ပျင်းလာပြီဖြစ်သည်။

"ကျဲကျဲ "

"အင်း အားချိန်လေး ဘာလိုလို့ လည်း "

"ကျွတ် ...... အားချိန် ခေါက်ဆွဲစားချင်တယ် "

"ကောင်းပါပြီ ကျဲကျဲ ခနနေ လုပ်ပေးမယ် ပြီးရင် သခင်လေးဆီ ထမင်းချိုင့် သွားပို့  ကြမယ်လေ "

"ဟုတ် " လို့  ဆိုကာ အခွန်နွှာပေးထားသည့် ပန်းသီးစိတ်တွေကို တကျွတ်ကျွတ်စားနေသည့် ပါးဖောင်းဖောင်းတွေကို မိန်စူး အသည်းယားစွာ ညစ်လိုက်လေသည်။

"နာနယ် ချဲချဲ "

"ကောင်းပါပြီ ကျဲကျဲ မလုပ်တော့ဘူး "

မိန်စူး အားချိန်တွက် ခေါက်ဆွဲပြင်ပေးရင်း သခင်လေးတွက်ပါ နေ့ လည်စာပြင်ဆင်ကာ ချိုင့်ထုတ်လိုက်လေသည်။ပြီးတော့ အားချိန်ကို ရေချိုးကူကာ သူမကိုယ်တိုင်လည်း ရေချိုးလိုက်သည်။ထို့ နောက် တက္ကစီ ငှားကာ ကျန်းလိန်ဆီ နှစ်ယောက်သား ထွက်လာခဲ့ကြလေသည်။

မိန်စူးနှင့် ကျန်းလိန် တရားဝင်လက်မထပ်ရသေးပေမယ့် ကျန်းလိန်ရဲ့  ဝင်ငွေ ကို မိန်စူး ထံအပ်လေသည်။သူ့ အိမ်တော်ရဲ့  အသုံးစရိတ်မှန်သမျှကို မိန်စူးကို စီမံခန့် ခွဲစေသည်။ ကျန်းလိန်ရဲ့  အိမ်တော်တွင် မိန်စူးသည် ဒုတိယမြောက် သခင်ပင်။ပထမသခင်သည်က အားလုံးရဲ့  ဦးစားပေး ကျန်းချိန်ပင်ဖြစ်သည်။

ထိုအချိန်တွင် ကျန်းလိန်သည် နိုင်ငံခြားမှ ရှယ်ယာရှင်တစ်ချို့ နှင့်  ဖက်စပ်လုပ်ငန်းတွက်   ဆွေးနွေးလျက်ရှိလေသည်။

IN  AIR   SYSTEM(Completed)Where stories live. Discover now