ကျန်းချိန်

2.3K 239 12
                                    

"တောက်........."

ကျယ်လှောင်တဲ့ တောက်ခေါက်သံကြောင့် အနက်ရောင်ဝတ်စုံတွေနဲ့  လူတွေဟာ မသိမသာ တုန်တက်သွားရလေသည်။ သူတို့ ခေါင်းဆောင်ရဲ့  ကြောက်မက်ဖွယ်အရှိန်အဝါကြောင့် အမှားအယွင်းမဖြစ်စေရန် သတိချပ်လျက်သား ဖြစ်သွားလေသည်။

"တောင်းပန်ပါတယ် သခင် "

လူယုံ မို့လန်က ဆိုလာတာကြောင့် ဖေးရှန် မျက်လုံးတွေစူးရဲကာ ကြည့်ရင်း ပြောလိုက်လေသည်။

"မင်းကို သေချာမှာထားတယ်မလား သူ့ တို့ ကို သေချာစောင့်ကြည့်ဖို့  "

"တောင်းပန်ပါတယ် သခင် တစ်ဖက်အဖွဲ့ က လှုပ်ရှားမှုက သာလွန်နေတော့ သခင်လေးတို့ သားအဖကို မကယ်တင်လိုက်နိုင်ဘူး သခင် အပြစ်ပေးပါ "

"သုံးမိနစ် သုံးမိနစ်အချိန်ပေးမယ် ဒီကိစ္စပြီးမှ မင်းအပြစ်ကို စီမံမယ် "

"ကောင်းပါပြီ သခင် "

မို့ လန် နဲ့ အတူ အားလုံးထွက်သွားမှ ဖေးရှန် ရှည်လျားသောသက်ပြင်းချမှုနဲ့ အတူ ထိုင်ချလိုက်သည်။ သူ့ ရင်ထဲ လေးလံမှုက ပျောက်မသွား။ကျန်းချိန်နဲ့  သူ့ တူ အဖမ်းခံရတယ်လို့  သိရချိန် ရင်ထဲ စိုးထိတ်ကြောက်ရွံ့ မှု ကို သူခံစားလိုက်ရသည်။ ဒီခံစားချက်က သူ့ ဘဝမှာ တစ်ကြိမ်တစ်ခါတာ ခံစားဖူးလေသည်။

"ဟင်း......... ကျန်းချိန် မင်းက တကယ် "

"သခင် သခင်လေးတို့  တည်နေရာကို သိရပါပြီ "

မို့ လန်စကားကြောင့် ဖေးရှန် လည်း ထိုင်နေရာကနေ လျင်မြန်စွာထကာ ထွက်လာခဲ့တော့သည်။

"အူး......ဝါး ဝါး ...... "

"တောက် မင်းစောက်ကလေးကို ကောင်းကောင်းမထိန်းဘူးလား တစ်ခါတည်း ပိတ်သွားအောင် နဖူးမှာ အပေါက်ဖောက်ပေးလိုက်ရမလား "

"ခင်ဗျား !!!"

ကျန်းချိန် အသည်းအသန်ငိုနေတဲ့ကလေးကြောင့် ဝမ်းနည်းလာရသလို သေနပ်ဖြင့် လာခြိမ်းခြောက်တဲ့ ထိုလူစုကိုလည်း ဒေါသထွက်မိလေသည်။သို့ သော် မိမိမှာ ကလေးတစ်ဖက်နဲ့ ဘာမှမတတ်နိုင်ချေ။ဒါကြောင့်ကလေးအငိုတိတ်ရန် ချော့မြူလေတော့သည်။

IN  AIR   SYSTEM(Completed)Where stories live. Discover now