ဟန်ဟွားမေ

4.9K 365 2
                                    

စစ်ပွဲကြီး စတင်ခဲ့တယ်  အာဏာလုစစ်ပွဲကြီးပေါ့   ဖန်ရန်ကိုသူတို့မနည်းခုခံတိုက်ခိုက်ရတယ်    သူတို့သာ ဗျူဟာကောင်းကောင်းမဆွဲနိုင်ခဲ့ရင်  ခုလို တောင့်ခံနိုင်မှာမဟုတ်    စစ်တလင်း  ဖြစ်တဲ့   လန်နဲ့ လင်း နယ်စပ်  ဒေသ နားက   လွင်ပြင်ကြီးမှာ အလောင်းတွေ  တောင်လိုပုံ နေတယ် 

ဟွားမေ    စစ်ပွဲခနရပ်နား နေတုန်း  လွင်ပြင်ကိုကြည့်ကာ စိတ်မကောင်း   တိုင်းပြည်အတွက်  သွေးဖြင့်ပေးဆပ်ခဲ့သူတွေ    ဘာမဟုတ်တဲ့လောဘကြောင့် အပြစ်မရှိတဲ့သူတွေ စတေး  ခဲ့ရတယ်     ဟွားမေ  ကြည့်နေရင်း  မျက်ရည်ကျလာတော့တယ် 

နောင်လာနောက်သားတွေကောင်းဖို့    မင်းတို့အသက်နဲ့ပေးဆပ်ခဲ့တယ်  ဒါတွေကို  မျိုးဆက်သစ်တွေက  အမှတ်ရနေကြမှာပါ

လော့ဟန် ဟွားမေ လွင်ပြင်ကိုကြည့်ပီးစိတ်မကောင်းနေမှန်းသိပါတယ်  သို့သော်  တိုင်းပြည်ကောင်းဖို့   အသက်စတေးသွားတဲ့စစ်သည်အားလုံးအတွက်  တရားမျှတမှုကိုပြန်ရှာပေးမှာပါ  အေးချမ်းစွာ အနားယူကြပါတော့ လို့သာ ဆုတောင်းပေးမိတော့တယ်

တစ်ဖက်မှာလည်းဖန်ရန်    တစ်ယောက် ဒေါသအကြီးအကျယ် ထွက်နေပီဖြစ်တယ်  သူဒီလောက်  စစ်အင်အားအသာကြီးဖြစ်နေတာတောင်  ဘာမဟုတ်တဲ့  သူတွေကိုမနိုင်ဖြစ်နေတာကြောင့် 

"အား  မင်းတို့  ဘာအသုံးကျလည်း    ဒီ ဘာမဟုတ်တဲ့သူကိုတောင် နိုင်အောင်မလုပ်နိုင်ကြဘူးလား  ခွေးတောင်မင်းတို့ထက်အသုံးကျအုံးမယ်     "

ထိုစကားကြောင့်  စစ်သည်ရဲမက်တွေဟာ   သည်းမခံနိုင်လောက်အောင် ဒေါသထွက်ပေမယ့်    သူ့တို့မိသားစုတွေရဲ့ အသက်တွေကြောင့်   မြိုသိပ်လိုက်ရတယ်

" သူတို့ဗျူဟာ  ကိုသွားဖျက်စီးခဲ့ကြ ဒါဆို သူတို့တောင့်ခံနိုင်မှာမဟုတ်ဘူး ပီးတော့ ရိက္ခာတွေကိုရော"

"မင်းသား  ဒါတရားမျှတမှုမရှိ  အောက်တန်းကျတဲ့လုပ်ရပ်ပါ "

"ငါမင်းသားအမိန့်ကိုလွန်ဆန်နေတာလား  တုစစ်သူကြီး "

အေးစက်စက်အသက်ကြောင့် တုစစ်သူကြီးမှာလည်း
"ကျွန်တော်မျိုး  မလုပ်ဝံ့ပါဘူး  "

IN  AIR   SYSTEM(Completed)Where stories live. Discover now