မိုးထက် ဒေါသတကြီး သောင်းကျန်းတာဟာ အိမ်တစ်ခုလုံး ရစရာမရှိတော့။သူမလည်း ဝင်မတားရဲသလို သားကောင်လေးကပင် ခပ်ကြောင်ကြောင်လေး ငေးနေလေသည်။
"အား……… "
[ဟဲ့ သွားတားလေ ရပ်ကြည့်နေတာ ဟိုက ဒေ့သအထွက်လွန်ပြီးသေမှ ဝူး …… ဟင်း ယင်း ယင်း တွေ လာမငိုပြနဲ့ နော် ဖင်ကြီးပဲ ဆောင့်ကန်မှာ ]
ရှင်းညို့  ကွဲကြေပျက်စီးနေတဲ့ အမှိုက်တွေကို ကျော်ခွကာ နံရံပေါ် လက်သီးဖြင့် ထိုးနေတဲ့ မိုးထက် နောက်ကျောနား မသိမသာ ကပ်သွားလေသည်။ သို့ သော် မိုးထက် ဘေးနားစားပွဲပေါ်က အလှပန်းအိုး ဖြင့် သူ့ ဆီ လှမ်းပေါက် လာခဲ့သည်ကြောင့် အနည်းငယ် တန့် သွားရလေသည်။
"ခွမ်း!!!!" အလှပန်းအိုးသည်က ရှင်းညို့  ရှေ့ နားတွင် တစစီ ကြေမွကာ အစအနတွေက ရှင်းညို့  ကို လာထိမှန်လေသည်။
"အာ့ !! " နာကျင်သွားတာကြောင့် ရှင်းညို့  အလိုလို မျက်ရည်ဝိုင်းသွားရလေသည်။ဒီခန္ဓာကိုယ်က ငယ်စဉ်ထဲက ပိုးမွှေးသလို အလိုလိုက်အကြိုက်ဆောင်ခံရသော သခင်ငယ်လေး ဖြစ်တာကြောင့် အလွန်ပင် နူးညံ့ လှသည်။ဒါကြောင့် ထိခိုက်မှုက သေးငယ်သည့်တိုင် နာကျင်မှုက များသယောင် ခံစားရပေသည်။ သို့ ပြင် ဘဝတိုင်း ချစ်သူရဲ့  ငြိုငြင်မှု ဒေါသတွေကို သူသိခဲ့သည်တိုင် သူ့ အပေါ် မသက်ရောက်ခဲ့ပါ။ဒီတစ်ခါမှာတော့ သူ့ ချစ်သူ ဒေါသက သူ့ကိုပင် ဖုံးလွှမ်းသွားသလို ခံစားရသည်။ဒါက သူ့ကို ဝမ်းနည်းစေသည်။
"ဟင့် ဟင့် အင့် !! "
"သား !!! ထိခိုက်သွားသေးလား "
"အူး ဝါး ……………"
"ကလေး ကလေးငယ် !!"
မိုးထက် ဒေါသတို့  ငိုသံလေးကြောင့် လွှင့်စင်သွားရလေသည်။ထို့ နောက် သူ့ ဒေါသ တွေကို မြင်တွေ့ သွားတဲ့ ချစ်သူငယ်လေးကြောင့် တုန်လှုပ်ခြောက်ခြား သွားရလေသည်။ မိုးထက် ရင်ထဲ ကြောက်ရွံ့ ခြင်း တွေ ကြီးစိုးသွားရလေသည်။
(တွေ့ လား သူ မင်းကို ကြောက်သွားပြီ မင်းကို စွန် ပြစ်သွားလိမ့်မယ် )
YOU ARE READING
IN AIR SYSTEM(Completed)
Romanceအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ