ခ်င္မင္ယန္

3.1K 393 1
                                    

လော့ကာနား  တဖြည်းဖြည်းကပ်သွားတဲ့  မင်ယန်ကြောင့်  သရဲမ မျက်လုံးတွေ ပိုနီလာကာ  ပတ်ဝန်းကျင်တစ်ခုလုံး ပိုမိုတိတ်ဆိတ်ခြောက်ကပ်ကာ  ကြောက်စရာပိုကောင်းလာတယ်   လော့ကာကို  မင်ယန်  ထိလိုက်တော့  သရဲမဆီမှ  ကြောက်မက်ဖွယ်အော်သံကြီး   ထွက်ပေါ်လာလေတယ်

မင်ယန်  ကြောက်လန့်စွာ လော့ကာထဲက  ပစ္စည်းကို ထုတ်ယူလိုက်တယ်  ထိုအရာက    အနားသပ်တွေ စုတ်ပြတ်နေပြီဖြစ်တဲ့ ဓာတ်ပုံဘောင်လေးတစ်ခု  မင်ယန်  ထိုဓာတ်ပုံထဲက  လူနှစ်ယောက်ဖြစ်ပြီး  တစ်ယောက်ပုံက  ပျက်ယွင်းနေပြီဖြစ်တယ်   ပျက်နေတဲ့ပုံဘေးက လူဟာ  တခြားသူမဟုတ်   သူတို့ရှေ့က မျက်လုံးများနီရဲလျက်  ရပ်နေသော   သရဲမပင်  ဖြစ်တယ်     

ထိုအချိန်   သူခါးကို  အေးစက်စက်လက်က လာဖက်ကာ   လေပူတစ်ချို့  သူနားကို လာရောက်ရိုက်ခပ်လာတယ်

"ဖျက်ဆီးလိုက်  အဲ့ဒါကို " 

တဖြည်းဖြည်း တိုးကပ်လာနေတဲ့ သရဲမကို တစ်လှည့်  ဓာတ်ပုံကို တစ်လှည့်ကြည့်ကာ   ဘာဖြစ်ဖြစ်ဆိုပြီး   မင်ယန်လည်း  အရဲစွန့်ကာ  ဓာတ်ပုံကို အားပါပါ  ပစ်ချပြစ်လိုက်တော့တယ် 

"ခွမ်း "ဆိုတဲ့ ဓာတ်ပုံ ကျကွဲသံနဲ့အတူ   သရဲမဆီမှလည်း အားဆိုတဲ့အသံနဲ့အတူ   အမဲရောင်အခိုးအငွေ့ဖြစ်ပြောင်းကာ   လော့ကာထဲ ပြန်ဝင်ရောက်သွားလေတော့တယ်  မင်ယန်ခါးပေါ်မှ အေးစက်စက် လက်ပိုင်ရှင်ဟာလည်း  ပျောက်ကွယ်သွားပြန်လေတယ် 

"အစ်ကို  မင်း ဘာဖြစ်သွားသေးလည်း    လာ ငါတို့ဘသွားစို့  "
မေယန် အပြောကြောင့်   မိန်မိန်က  ပြန်ပြောတယ်

"မေယန်  ငါတို့ တကယ်  ဆက်သွားလို့  ဖြစ်ပါ့မလား    နောက်အထပ်ဆို  ဒီထပ်ပိုဆိုး လာနိုင်တယ်လေ "

မိန်မိန် တစ်ယောက်  ကြောက်လွန်းတာကြောင့် အသံတွေ တုန်နေသလို   ရှင်းရှင်းကိုလည်း  ဖက်ထားလိုက်တာများ   ပူးကပ်နေတာပဲ  

"အဲ့တာတော့ ဟုတ်တယ်  ဒီတိုင်းပြန်ကြရင်ကောင်းမယ် "
ကောင်းဟန်ပါ  ဝင်ပြောလာပေမယ့်  လင်းဝမ်ကတော့ မျက်နှာမကောင်း    တကယ်လို့ သူတို့သာ  ခုချိန်လှည့်ပြန်မယ်ဆို   ကျောင်းဆောင်ရှေ့က  သစ်ပင်အောက်တွင်  စောင့်နေသည့်  ကျောင်းစောင့်အဘိုးအိုသရဲက  သတ်ဖြတ်လိမ့်မယ်  ဒါဆို သူတို့ တစ်ယောက်မှ လွတ်မြောက်နိုင်မည်မဟုတ်တော့

IN  AIR   SYSTEM(Completed)Where stories live. Discover now