_1_

34.1K 1.3K 6
                                    

{Uni}

တရုတ်နိုင်ငံ၏ပေကျင်း​လေဆိပ်တွင် ယခင်ကထက်ပို၍လူများ​နေ​သည်။

အစိမ်း​ရောင် Bannerတွေကို ကိုင်​ဆောင်ထားသည့် လေဆိပ်အပြင်​ရောအတွင်းမှာပါရှိ​နေသည့် fan girlများကိုကြည့်ခြင်းအားဖြင့် နာမည်ကြီးမင်းသား ဒါမှမဟုတ် အဆို​တော်တစ်​ယောက်လာမည်ဆိုတာသိနိုင်သည်။

တ​အောင့်နေ​တော့ ထိုမိန်းက​လေးများ၏ တက်ကြွစွာခုန်​​ပေါက်မှုနှင့် လော်မလိုအသံ​အောင်လွန်းတဲ့ဆူညံသံ​တွေထွက်​ပေါ်လာသည်။

တစ်ကိုယ်လုံးအနက်​ရောင်ကိုမှ maskအနက်တပ်ပြီး ဦးထုပ်အနက်ကိုပါ မျက်နှာတစ်ခုလုံး အုပ်​အောင်စောင်းထားသည့် ယောက်ျား​လေးတစ်​ယောက်သည် တစ်ကိုယ်လုံးဘာမှမမြင်ရတာ​တောင် လူတစ်​ယောက်ကိုအကြည့်မခွာနိုင်​အောင်ဖမ်းစားနိုင်သည်။

"လူအရမ်းတိုးရမယ်ထင်တယ်။ အ​နောက်​ပေါက်က​နေပဲပြန်လှည့်ထွက်မလား"

"မလိုဘူး!"

ခပ်ပြတ်ပြတ်ထွက်လာသည့်သြရှရှအသံသည် ဘေးမှvideoရိုက်​နေသည့်မိန်းက​လေး​တွေကို ဝိညာဥ်လွင့်မတက်ဆွဲ​ဆောင်နိုင်လွန်းသည်။

၂မိနစ်​လောက်​လျှောက်လျှင်ရောက်နိုင်သည့်နေရာအား မိနစ်၂၀လောက်ကြာမှ ထိုလူအုပ်ထဲကထွက်နိုင်ခဲ့သည်။

"ဒီ​လောက် တိတ်တဆိတ်ထွက်လာတာ​တောင် ဘယ်လို ​ပေါက်ကြားသွားလဲမသိဘူး"

"ကျွန်တော်နားချင်ပြီ"

"​အင်း။ ခနအိပ်လိုက်.. Condoရောက်ရင်နှိုး​ပေးမယ်"

နက်​မှောင်​နေသည့်ကားကြီး ထွက်သွားချိန်၌ အနောက်တွင်ကျန်ခဲ့သည့် Fan Girlလေး​တွေ ပထမဆုံးဖုန်းဖွင့်ကြည့်သည်က 'Day Toy'ဆိုသည့် Instagramအ​ကောင့်မှတင်လာမည့် သူတို့ မင်းသား​ချော​လေး၏ဓါတ်ပုံ​တွေကိုဖြစ်သည်။

အ​ကောင့်ထဲဝင်ဝင်ချင်းပင် တင်ထားသည့်ဓါတ်ပုံ​တွေသည် ဘာCameraနှင့်များရိုက်ထားသည်မို့ နဂို​ဆွဲ​ဆောင်နိုင်လွန်းလှပါသည့် သူတို့မင်းသား​လေးကို ပိုအသည်းစွဲအောင်လုပ်နိုင်တာပါသနည်း။

My Special Boyfriend [Complete]Where stories live. Discover now