_EXTRA 1_

8.8K 695 4
                                    

{UNI}


Idol နဲ့ fan boy ​လေးတို့၏မင်္ဂလာပွဲလေးသည် ဟိုး​လေးတ​ကြော်​ကြော်ဖြစ်ခဲ့သည်။ ​နိုင်ငံနှစ်နိုင်ငံလုံးတွင်ပြုလုပ်ခဲ့​​သော်လည်း တကယ့်တကယ်သွား​နေဖြစ်သည်က ​တောင်ကိုရီးယားတွင်ဖြစ်သည်။

သုံးမကုန်​အောင်ရှာထား​သောငွေ​တွေဖြင့် ကိုရီးယားတွင် ​ရှောင်းကျန့်က ဖွားဖွားရဲ့ဒီဇိုင်းကုမ္ပဏီနှင့် ရှယ်ယာတွဲပြီး GUCCI Brand ကုမ္ပဏီခွဲတစ်ခု​​ထောင်ထားသည်။ ဝမ်ရိ​ပေါ်က​တော့ သူ့ကုမ္ပဏီတွင် ပင်တိုင်​Modelလုပ်​ပေး​နေ၏။ သို့​​သော် ရှောင်းကျန့်ကုမ္ပဏီမသွားဖြစ်သည်မှာတော်​တော်ကြာ​နေပြီဖြစ်သည်။

ကိုရီးယား၌ ၆နှစ်ကြာ​နေပြီးချိန်တွ င်ရှောင်းကျန့်သည် ဝမ်ရိ​ပေါ်ကိုလက်​ဆောင်ပေးခဲ့သည်။ ထိုလက်​ဆောင်သည်ကား ​​ရှောင်းကျန့်လွယ်ထားရသည့် ဗိုက်လုံးလုံး​လေးထဲကအ​ကောင်​ပေါက်​လေးဖြစ်သည်။ ၇လရှိသွားပြီ။

​နဂိုတည်းက ပိုး​မွေးသလို​နူးနူးညံ့ညံ့ထားတဲ့ဝမ်ရိ​ပေါ်က ​ရှောင်းကျန့်တို့ကိုယ်ဝန်ရှိကတည်းက ရေ​တောင်ကိုယ်တိုင်ချိုးခွင့်မ​ပေး​တော့​ပေ။ အစားစားလည်းခွံ့​ကျွေးသည်။ လမ်း​လျှောက်လည်း ​ဘေးက​နေကပ်ပါလာသည်။ ​ရေ​သောက်လည်းပြောင်​နေတဲ့ဖန်ခွက်ကိုအဝတ်နဲ့ထပ်သုတ်​ပေးပြီးမှတိုက်သည်။ ဖုန်ဝင်​နေမှာစိုးလို့ဟုဆို၏။ ​နောက်ဆုံး toiletဝင်ရင်​တောင် တံခါး​​လော့မချခိုင်း​ပေ။

ယ​နေ့လည်းစာချုပ်ချုပ်ရမည့် အ​ရေးကြီးဧည့်သည်​တွေလာမည်မို့ ​ရှောင်းကျန့်အစားကုမ္ပဏီသွား​နေသည့်ဝမ်ရိ​ပေါ်က ၅မိနစ်တစ်ခါ​လောက်ဖုန်း​ခေါ်​နေတာ​ကြောင့် ​ရှောင်းကျန့်ကြည်နူးရ​သေးသည်။ ၃နာရီ​လောက်ကြာပြီးချိန်တွင်တော့ မုန့်​တွေတစ်ပုံကြီးဝယ်ပြီးပြန်လာတဲ့ဝမ်ရိ​ပေါ်က အရင်လို​ချော​မော​နေတုန်းဖြစ်သည်။ 

"ဝမ်​ကော...ဗိုက်ဆာတယ်"

"ဟမ်.. ဘာမှမစားရ​သေးဘူးလား။ အားရီကိုပြင်ခိုင်းလိုက်တာမဟုတ်ဘူး"

"အားရီက ထမင်းစားဖို့​ပြောပါတယ်။ ​ရှောင်းလေးက ဝမ်​ကောနဲ့အတူတူ​စားချင်လို့"

My Special Boyfriend [Complete]Where stories live. Discover now