_6_

10.7K 960 13
                                    

{UNI}



"CEOက နှစ်ပတ် နားချိန်ပေးတယ်"

"အင်း"

"​နေ့လယ်က ဟို​ကောင်​လေး လာသွားလား"

"လာတယ်"

"ဘာဖြစ်သွားလဲ"

"......"

ပြန်မ​​ဖြေဘဲ ဖုန်းသုံး​နေရင်းမှ မျက်လုံးလှန်ကြည့်လာ​သောကြောင့် ဟိုက်ခွမ်း ကြက်သီး​ထသွားရသည်။

"ငါ​ပြောတာက စကား​တွေဘာ​တွေ​ ပြောဖြစ်​သေးလားလို့မေးတာ"

"နည်းနည်းပဲ ​ပြောဖြစ်တယ်။ သူထွက်​​ပြေးသွားလို့"

"မင်းက ဘာလုပ်လိုက်လို့လဲ"

"​ရေချိုး​​နေလို့ အင်္ကျီမလဲရ​သေးဘဲ ထွက်သွားလိုက်မိတာ"

"ဟက်! ကြည့်ရတာ ရှက်သွားတာ​ဖြစ်မယ်"

"ခရီးကိစ္စ အဆင်​ပြေလား​ကော"

"အင်း "

"ကျွန်တော် ဒီခရီးမှာတစ်ခုခုလုပ်သင့်လား"

"ရိ​ပေါ်..​ကောကမင်းရဲ့အစ်ကိုမို့ မင်းဘက်ကိုငဲ့ပြီး ဒီကိစ္စကိုမကန့်ကွက်ဘူးမှန်​ပေမယ့် ကိုယ့်ကိုယ်ကို အနုပညာရှင်တစ်​ယောက်ဆိုတာ​တော့ မ​မေ့​စေချင်ဘူး"

"​ကော​​ပြောချင်တာကို ကျွန်တော်နားလည်တယ်။ ဒီလိုကိစ္စကလည်း ကျွန်တော့်အတွက် ပထမဆုံးဖြစ်တယ်ဆိုတာ ​ကောအသိဆုံးပါ။​ အချိန်တစ်ခု​ရောက်တာနဲ့ ကျွန်တော်ကိုယ်တိုင် ကျွန်တော့်ရဲ့Fan​တွေကိုလည်း ဖွင့်​ပြောမှာ။ သူတို့​ကြောင့် ကျွန်တော်ဒီ​နေရာထိရောက်လာနိုင်တာ​​လေ"

"မင်းဆုံးဖြတ်ချက်နဲ့မင်းရှိရင် ပြီးတာပါပဲ။​ ကောက မင်းရဲ့အချစ်ကိုအမြဲ​ထောက်ခံ​ပေးမှာသိတယ်မလား"

"ကျွန်တော် သိပါတယ်"

//////

​ရှောင်းကျန့် ခြေလက်​ဆေးကာ အိပ်ယာ​ပေါ်တက်ပြီး လိုင်းသုံး​နေရင်းမှ ပြူး​နေသည့်မျက်လုံး​တွေပါ ပိုပြူးသွားရသည်။

"ဒါ ဘာ​တွေလဲ!!"

နဂိုဝမ်ရိ​ပေါ်၏ ပုံ​​တွေ၊ Videoတွေနှင့် ပြည့်​နေတတ်သည့် New Feedတွင် ယခုသူ့ပုံ​တွေနှင့် ပြည့်​နေသည်။ အ​ပေါ်ဆွဲလည်း ဒီသတင်း၊ ​အောက်ဆွဲလည်း ဒီသတင်း။

My Special Boyfriend [Complete]Where stories live. Discover now