_13_

10.6K 846 36
                                    

{Uni}

"မလာ​သေးရင် ကျွန်တော့်အခန်း​တွေပဲကြိုရိုက်ပြီးနားပါရ​စေ။ ကျွန်တော်လည်း အားယား​နေတာမဟုတ်ဘူး"

သည်းမခံနိုင်​တော့၍ ​ဖွင့်​ပြောလိုက်သည့်စကားကို ဒါရိုက်တာကြီးကလက်ခံ​ပေးသည်။ လက်မခံ၍လည်းမရ။ ဝမ်ရိ​ပေါ်သည်ဇာတ်ကားအတွက် ​လျော်​ကြေး​ပေးကာ ဆက်မရိုက်​တော့ဖို့​တောင် ဝန်မ​လေးသည်ကြောင့်ဖြစ်သည်။ ရှောင်းကျန့်နှင့် တစ်​နေကုန်ရှိ​​​နေချင်၍သာလက်ခံထားခြင်းဖြစ်သည်။ မဟုတ်လျှင် ​ရှောင်းကျန့်ကိုပါဆွဲထုတ်ကာ သူဆက်မရိုက်ဖို့ဆုံးဖြတ်ထားသည်။

"ကတ်!"

"ဟို​ကျောင်းသား​လေး ဇာတ်ညွှန်းကိုအာရုံစိုက်​​ပေးနိုင်မလား"

​ရှောင်းကျန့်အမှားလုပ်မိလိုက်သည်ကြောင့် မင်းသမီးမလာ​သေးသည်ကိုစိတ်ဆတ်ကာ လေသံမာမာနှင့်ပြောလာသည့်ဒါရိုက်တာကို ဝမ်ရိ​ပေါ်က မျက်မှောင်ကျုံ့ကြည့်သည်။

"တစ်ခါမှသရုပ်မ​ဆောင်ဖူးတဲ့​ ကျောင်းသားတစ်​ယောက်ပါ။ အမှားလုပ်တာမကြိုက်ရင် လက်ရှိမင်းသမီးကိုသာအရင် အချိန်မှန်​အောင်လာခိုင်းပြီး Sceneတစ်ခုကို ခုနစ်ခါပြန်မရိုက်ရဖို့ပြောတဲ့​နေရာမှာလေသံမာပါ"

ထို​တော့မှ ​လေသံ​ပြေ​ပြေဖြင့် ​နောက်တစ်ကြိမ်ထပ်ရိုက်ဖို့​ပြော​တော့သည်။ စိတ်လှုပ်ရှားနေသည်ကြောင့်ချွေး​စေး​လေး​တွေ​ပင် သီး​နေသည့်ရှောင်းကျန့်ကို ဝမ်ရိ​ပေါ်တိုးတိုး​လေးကပ်​ပြောလိုက်သည်။

"အဆင်မ​ပြေရင်​ပြော။ ဒါရိုက်တာကို​ဟောက်ပြီးရှုတင်ဘရိတ်ခိုင်းလိုက်မယ်"

ဝမ်ရိ​ပေါ်၏ စနောက်ခြင်းမမည် အတည်​ပြောလိုက်သည့်စကားသည် ရှောင်းကျန့်အားပြုံးသွား​စေသည်။

"ဒါရိုက်တာကြီးကိုအရမ်းမ​ခြောက်ပါနဲ့ သနားပါတယ်"

"​ရှောင်းလေးအဆင်မ​ပြေရင် ဒါရိုက်တာတင်မဟုတ်ဘူး ဘယ်သူ့မဆိုပြန်​ခြောက်​ပေးနိုင်တယ်"

"ဟား!တော်ပါ​တော့။ ဒါရိုက်တာကြီးကရိုက်ဖို့​စောင့်​နေပြီ"

My Special Boyfriend [Complete]Where stories live. Discover now