_18_

9.8K 743 7
                                    

{UNI}

သူတို့ဒီ​နေ့ Switzerlandရဲ့ Lauterbrunneဆိုသည့်ရွာလေးက Staubbachရေတံခွန်ဆီသွားမှာဖြစ်သည်။ သူတို့Hotel ရှိရာ Zurichမြို့က​နေ Lauterbrunneကို ရထားနဲ့သွားဖို့ဆုံးဖြတ်ထားသည်။

"ဝမ်​ကော...​ရေခဲမုန့်စားမယ်! ​ရေခဲမုန့်"

ဘူတာရုံထဲရထားလက်မှတ်ဖြတ်​နေတုန်း ​ရှောင်းကျန့်ကလက်ဆွဲကာပူဆာ​နေခြင်းဖြစ်သည်။ ငယ်သူကိုမှကြိုက်မိ​တော့လည်း အလိုလိုက်ရသည်။ လက်မှတ်အမြန်ဖြတ်ကာ ဆွဲ​ခေါ်ရာ​နောက် ဝမ်ရိ​ပေါ်လိုက်သွားလိုက်၏။

​သူ့​က​လေးလေးသည် ​ရေခဲမုန့်ကိုဘယ်လိုမှာမလဲ ဝမ်ရိ​ပေါ်ရပ်ကြည့်​နေလိုက်သည်။ ဦးထုပ်အနက်က​လေးနဲ့အနှီ​ကောင်​လေးသည် မာဖလာ​လေးထဲမြုပ်​နေသည့်အပြင် လွယ်အိတ်​လေးပါ လွယ်ထားသည်မို့ ​ရှောင်းကျန့်သည် အသက်မပြည့်​သေး​သောက​လေး​လေးတစ်​ယောက်လိုပင်။

​သူ့​က​လေးလေးသည် ​ရေခဲမုန့်ကိုဘယ်လိုမှာမလဲ ဝမ်ရိ​ပေါ်ရပ်ကြည့်​နေလိုက်သည်။ ဦးထုပ်အနက်က​လေးနဲ့အနှီ​ကောင်​လေးသည် မာဖလာ​လေးထဲမြုပ်​နေသည့်အပြင် လွယ်အိတ်​လေးပါ လွယ်ထားသည်မို့ ​ရှောင်းကျန့်သည် အသက်မပြည့်​သေး​သောက​လေး​လေးတစ်​ယောက်လိုပင်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"Strawberries ice-cream.."

​ရေခဲမုန့်ဆိုင်ပိုင်ရှင်ဘဲကြီးက ​ရှောင်းကျန့်ကိုပြုံးကြည့်​နေပြီး ရေခဲမုန့်​တွေကိုခွက်​လေးနဲ့​တောင်မဆံ့ချင်​တော့​​အောင်ကို အများကြီးထည့်​​ပေးသည်။​​​ လက်ထဲ​​ရေခဲမုန့်ရောက်သည်နှင့် စား​နေပြီဖြစ်သည့် ရှောင်းကျန့်က ဝမ်ရိ​ပေါ် ပိုက်ဆံရှင်း​ပေးမည်ကိုကြိုသိ​နေသည့်အလား ​ကော့​တော့​​,ကော့​တော့ဖြင့်ထွက်သွားသည်။

"He is your baby?"

"No, he is my boyfriend"

ဆိုင်ပိုင်ရှင်ဘဲကြီးက သူ့ကိုအံ့သြသလိုကြည့်​​နေသည်ကြောင့် ဝမ်ရိ​ပေါ်လည်းပြန်အမ်း​​ငွေ​တောင်မယူ​တော့ဘဲထွက်ခဲ့လိုက်သည်။ ထိုဘဲကြီးအံ့သြတာလည်းမထူးဆန်း​ပေ။ သူ့အခုပုံစံနှင့်ရှောင်းကျန့်သည်  သားအဖလို​ပင်ဖြစ်​နေသည်လေ။ ဟိုက​သေး​သေး​ကွေး​ကွေး​လေး။ သူကလည်း​ဒီ​နေ့မှ ဆံပင်ဘုတ်သိုက်ဖြင့် မသိလျှင်က​လေးအ​ဖေကြီးလိုလို။

My Special Boyfriend [Complete]Where stories live. Discover now