_EXTRA 2_

8.4K 635 14
                                    

{UNI}

​သားသား​လေး ၂နှစ်ပြည့်ပြီဖြစ်သည်။ ဝမ်မျိုးရိုးကိုယူကာ ဝမ်ရိ​ရှောင်းဟု နာမည်​ပေးခဲ့သည်။ ဝမ်ရိ​ပေါ်လည်း အရင်လိုဟိုကိစ္စ​တွေကို ခနခန​တောင်းဆိုတုန်းဖြစ်သည်။ ဝမ်ရိ​ရှောင်းလေးကို ​စော​စောသိပ်​နေသည့်နေ့ဆို ​ရှောင်းကျန့်တို့ မျက်နှာရှုံ့မဲ့နေပြီဖြစ်၏။ ပြီးလျှင်မညှာမတာခံရသည်မှာ သူပဲ​မဟုတ်လား။

မျက်လုံးပွင့်သည်နှင့် နာကျင်​နေ​သောအောက်ပိုင်းဒဏ်ကို 'စ'၍ခံရသည်။ အခန်းထဲလည်း ဘယ်သူမှမရှိ​ပေ။ ညီးစီးစီးကြီးဖြစ်​နေသည်ကြောင့် မနည်းကုန်းထပြီး ရေချိုးခန်းထဲဝင်ကာ ရေချိုးသန့်စင်လိုက်သည်။ ပြန်ထွက်လာ​သည့်အခါ ကုတင်​ပေါ်ကစောင်ပုံထဲတွင်ရှိ​နေသည့်ဝမ်ရိ​ရှောင်းကို​တွေ့သည်။ ဗီရိုဘက်ကြည့်လိုက်​လျှင် သူ့အတွက် အဝတ်စားထုတ်ပေး​နေသည့်ဝမ်ရိ​ပေါ်ရှိသည်။

မျက်လုံးပွင့်သည်နှင့် နာကျင်​နေ​သောအောက်ပိုင်းဒဏ်ကို 'စ'၍ခံရသည်။ အခန်းထဲလည်း ဘယ်သူမှမရှိ​ပေ။ ညီးစီးစီးကြီးဖြစ်​နေသည်ကြောင့် မနည်းကုန်းထပြီး ရေချိုးခန်းထဲဝင်ကာ ရေချိုးသန့်စင်လိုက်သည်။ ပြန်ထွက်လာ​သည့်အခါ ကုတင်​ပေါ်ကစောင်ပုံထဲတွင်ရှိ​နေသည့်ဝမ်ရိ​ရှော...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"သားသားက ဒီကိုဘယ်တုန်းက​ရောက်​နေတာလဲ။ ဟင်..ဒယ်ဒီနဲ့လိုက်လာတာလား။ ဟုတ်လား သားသား"

ဝမ်ရိ​ရှောင်းလေးကို​ပွေ့ချီကာ ချစ်စဖွယ်​မေး​နေသည့်ရှောင်းကျန့်ကို ဝမ်ရိ​ပေါ်က ဝတ်ဖို့အဝတ်စား​တွေယူလာ​ပေးရင်းပါးကိုရွှတ်ခနဲနမ်းသည်။

"အာ..ဝမ်​ကောကလည်း သားသားရှိ​နေတာကို"

"​အဲ့တာဆိုခန"

သားသားရဲ့မျက်လုံးတွေကို လက်ဖြင့်အုပ်ပြီး ​ရှောင်းကျန့်နှုတ်ခမ်းကို လာနမ်းသည့်ရိ​ပေါ်က လွှတ်ကိုမ​ပေး​တော့​ပေ။

"အွန်း! လွှတ်ဦး..အာ့!"

ရိုးရိုးမလွှတ်​ပေးဘဲ ကိုက်ဆွဲသွား​သေးသည့် ဝမ်ရိ​ပေါ်က ​တစ်ခြမ်း​စောင်းအပြုံးကြီးပြုံးပြကာ လျှာသပ်ပြသည်။ ​ရှောင်းကျန့်အတွက် တကယ်ကြက်သီးထစရာအပြုံးဖြစ်သည်။

My Special Boyfriend [Complete]Where stories live. Discover now