_EXTRA END_

12K 779 24
                                    

{UNI}

ယ​​နေ့တွင် weibo nightအတွက် ဝမ်ရိ​​ပေါ် တရုတ်ကိုခနပြန်လာပြီးပြင်ဆင်ရသည်။ ကိုယ်ပိုင်designer​လေး ​ရှောင်းကျန့်ရဲ့ ဆင်ယင်​ပေးမှုဖြင့် တောက်​တောက်​ပြောင်​ပြောင်ဖြစ်​နေသည့်ဝမ်ရိ​ပေါ်က က​လေးအ​ဖေသာဖြစ်​နေ​သော်လည်း ကြည့်​ကောင်း​နေတုန်းပင်။

ဒါကိုသိတဲ့ရှောင်းကျန့်က သူ့ကိုတစ်​ယောက်တည်းမတက်ခိုင်းဘဲ က​လေးပါ​ခေါ်သွားခိုင်းသည်။ ဝမ်ရိ​ရှောင်းလေးကိုလည်း သူနဲ့ဆင်တူဆင်ပေးထားပြီး ဝမ်ရိ​ပေါ်လိုအလှမျက်မှန်​လေးပါတက်​ပေးထားသည်​ကြောင့် ရိ​​ပေါ်​ပေါက်စ​လေး​အတိုင်းပင်။ တကယ်လည်းရိ​ပေါ်​ပေါက်စပါပဲ။

နား​နေခန်းထဲတွင် သူတို့မိသားစုသုံး​ယောက်သာရှိသည်။ Make up artistနှစ်​ယောက်ကလည်း ပြင်​ပေးပြီးသည်နှင့် ပြန်ထွက်သွားကြ​သောကြောင့်ဖြစ်သည်။ ဟိုက်ခွမ်း​ကောကလည်း ဝမ်ရိ​ပေါ် ဇာတ်ကား​တွေမရိုက်ဖြစ်​တော့ကတည်းက ​မန်​နေဂျာအလုပ်ကထွက်ပြီး ကုမ္ဗဏီတစ်ခုမှာ အလုပ်ဝင်နေသည်။

"​ရိ​ရှောင်း.. ထိုင်ခုံမှာထိုင်ရင် ငြိမ်ငြိမ်ထိုင်​နော်။ ဒယ်ဒီကိုဒုက္ခမ​ပေးနဲ့​​ ကြားလား။ ရှူးရှူး​ပေါက်ချင်ရင်လည်းဒယ်ဒီကို​ပြော​​​နော် ပေါက်မချလိုက်နဲ့"

"ဟုတ်ကဲ့ ပါပါး"

ပါး​​ဖောင်း​​ဖောင်း​လေးနှင့်ပေါက်ဆီ​လုံးလေးက လူ​တွေအများကြီးကြည့်​နေမည့် စင်​ပေါ်တက်ရမယ်​ပြော​တော့ သူ့ဒယ်ဒီထက်​တောင်​ပျော်​နေ​သေးသည်။ အနုပညာ​သွေးပါတယ်ပဲ​ပြောရမလား။

"သွားရ​တော့မယ်။ ကိုယ့်ကိုနမ်းပါဦး"

နှုတ်ခမ်း​လေးဆူကာ အနမ်း​တောင်း​နေတဲ့ဝမ်ရိ​ပေါ်က,က​လေးအ​ဖေဖြစ်မှ သူငယ်ပြန်သွားသလားပင်။ ဝမ်ရိ​ရှောင်းလေးကိုကြည့်​တော့ လက်​လေးနှစ်ဖက်နှင့် မျက်လုံး​လေး​တွေကိုအုပ်ပြီး ​ခေါင်းငုံ့ထားသည်။ ​တော်​တော်အတိုင်​ဖောက်ညီတဲ့ ဝမ်သားအဖ။

"ပြွတ်စ်~ ဓါတ်ပုံအတူရိုက်ဖို့​ပြောလို့လက်ခံရင် စိတ်ဆိုးမှာ​နော်"

"အင်း အင်း လုံးဝရိုက်ခွင့်မ​​ပေးဘူး စိတ်ချ"

ထို့​နောက် Hallခန်းထဲဝင်ကာ သတ်မှတ်​ပေးထားသည့်နေရာ၌သွားထိုင်လိုက်သည်။ အချိန်အနည်းငယ်အကြာတွင် MCကနာမည်​ခေါ်သည်​ကြောင့်စင်​ပေါ်ကိုရိ​ရှောင်းလေးအားချီလို့ ဝမ်ရိ​ပေါ်တက်သွားလိုက်၏။

My Special Boyfriend [Complete]Where stories live. Discover now