_14_

9.3K 828 16
                                    

{UNI}


ဇာတ်ကားတွင်သရုပ်​ဆောင်ရသည့် ရှောင်းကျန့်Sceneတွေ ပြီးသွား​ပြီဖြစ်သည်။ ဝမ်ရိ​ပေါ်က​တော့ နည်းနည်းဆက်ရိုက်ဖို့ကျန်​​နေသေးသည်။

ယ​နေ့သည်ရှုတင်နားရက်ဖြစ်၏။ ဘယ်မှမသွားဘဲ ဝမ်ရိ​ပေါ်အခန်းထဲတွင်သာ အချိန်ကုန်ဖို့​ရှောင်းကျန့်ဆုံးဖြတ်ထားသည်။​ ပေါက်​ပေါက်ပန်းကန်ကြီး​ရှေ့ချကာ TVလိုင်း​ပြောင်း​နေသည့်ဝမ်ရိ​ပေါ်ကို ​​ရှောင်းကျန့်ကတစ်ခုခု​​ပြောချင်​နေပုံဖြင့် လက်သည်းလေး​တွေကိုကိုက်ထားရင်း မျက်လုံး​တွေကလည်း ဂနာမငြိမ်ဖြစ်​နေသည်။

"ကိုယ့်ကိုတစ်ခုခု​ပြောစရာရှိလို့လား"

"အင်း.."

ပြန်​ဖြေသည်မျိုးမဟုတ်ဘဲ ဆွဲငင်နေသည့်လေသံမျိုးဖြစ်သည်။

"ဖွား ဖုန်းဆက်တယ်။ ကျောင်းပိတ်တာပြန်မလာ​သေးလို့တဲ့။ အဲ့တာအိမ်ပြန်ရမယ်"

"ဘယ်​လောက်ကြာမှာလဲ"

"​ကျောင်းဖွင့်ခါနီးမှပြန်လာလို့ရမှာ"

"ဒီကအလုပ်​တွေပြီးရင် ကိုယ်လိုက်လာခဲ့မယ်​လေ"

"တကယ်လား"

"အင်း​ပေါ့။ ကိုယ်မရှိဘူးဆိုပြီး သိပ်လည်းလွတ်လပ်မ​နေနဲ့ဦး​နော်။ ကိုယ်က သဝန်တိုရင် ဘယ်သူ့ဘက်မှကြည့်မှာမဟုတ်တာ သိတယ်မလား"

"ဟုတ်!"

"ဘယ်သွားသွား Shinnနဲ့ပဲသွား​။ တစ်​ယောက်တည်းမသွားရဘူး"

"ဝမ်​ကောကလည်း အရင်ကလည်းသွား​နေကျ..."

ဆက်​ပြောမည့်စကား​တွေသည် အကြည့်တစ်ချက်မှာတင် တိတ်ဆိတ်သွားရသည်။ စိုက်ကြည့်ရင်အလိုက်သိဆိုသည့်စကားသည် အပိုမဟုတ်။

"​ဆောင်းတွင်း​ရောက်​နေပြီ။ ဟိုမှာပို​​အေး​လောက်တယ်​။ နွေး​နွေး​ထွေး​ထွေး​နေ​နော်"

"ဟုတ်!"

"ဘယ်​နေ့သွားမှာလဲ"

"မနက်ဖြန်"

"ကိုယ်မှာတာ​တွေ မ​မေ့နဲ့​။ ဖုန်းဆက်ရင်လည်းကိုင်​"

"ဟုတ်။​ ရှောင်းလေးစောင့်​နေမယ်"

My Special Boyfriend [Complete]Where stories live. Discover now