_19_

9.3K 803 45
                                    

{UNI}

Switzerlandတွင်နှစ်ပတ်​လောက်​နေပြီးချိန်၌ Hotelက​နေတစ်ဆင့် သူတို့ဆီဆက်သွယ်လာသည့် Shinn၏သတင်း​ကြောင့်သူတို့နှစ်​ယောက်လုံး ဂျပန်ကိုပြန်လာကြရသည်။​ ရှောင်းကျန့်၏ဖွားဖွား အိပ်ယာထဲလဲ​နေသည်တဲ့။

ခြံဝန်း​ရှေ့​ရောက်သည့်အခါ အိမ်​တော်ထိန်းKuကတံခါးဖွင့်​ပေးသည်။ ထို့​နောက် အိမ်ထဲ​ရောက်သည်နှင့် ​ရှောင်းကျန့်က သူ့ဖွားဖွားရှိရာအခန်းဆီတန်း​ပြေး​တော့သည်။ အိပ်ယာ​ပေါ်တွင်လှဲ​နေသည့်ဖွားဖွားက သူ့​မြေးလည်းမြင်​ရော အတင်းထထိုင်ဖို့လုပ်​နေ၏။

အိမ်​တော်ထိန်းKuက​ ကျောက​နေပင့်ကာ ကူညီ​ပေး​တော့ သူမထထိုင်လိုက်နိုင်သည်။

"​မြေး တကယ်ပြန်လာတယ်​နော်.."

"ဖွားဖွား.."

​ရှောင်းကျန့် ဖွားဖွားကိုဖက်ကာငိုမိသည်။

"သား​တောင်းပန်ပါတယ်။ သား ဝမ်​ကောကို တကယ်ချစ်လွန်းလို့ပါ"

ဖွားဖွားက ဘာမှပြန်မ​ပြောဘဲ ​ရှောင်းကျန့်ကိုပြန်ဖက်ထားရင်း မျက်ရည်​တွေသာကျ​နေသည်။ အ​တော်အတန်ကြာမှ ​ရှောင်းကျန့်​​ခေါင်း​လေးကိုပြန်ပွတ်​ပေးရင်း​ပြောလာသည်က

"ဖွားကမြေး​လေးထွက်မသွားရင်ကျေနပ်ပြီ"

ငိုရှိုက်သံ​တွေသာ ကြား​နေရ​သောအခန်းအပြင်တွင် ဝမ်ရိ​ပေါ်မတ်တပ်ရပ်စောင့်​နေသည်။ အိမ်​တော်ထိန်းKuက အခန်းထဲကထွက်လာပြီးဝမ်ရိ​ပေါ်ကို ဧည့်ခံဖို့လုပ်သည်။

"သခင်​လေး ဧည့်ခန်း​ထဲခနထိုင်​နေပါ​နော်။ Ku ​သောက်ဖို့တစ်ခုခု​လုပ်​ပေးပါ့မယ်"

ဝမ်ရိ​ပေါ် ​ခေါင်းသာညိမ့်ပြလိုက်ပြီး ဧည့်ခန်းထဲဝင်​စောင့်​နေလိုက်သည်။ နံရံတွင်ချိတ်ထားသည့်ဓါတ်ပုံကြီးက ​မြေးဖွားနှစ်​ယောက်၏အပြုံး​တွေသည် အသက်ဝင်လှသည်။

"အဲ့တာသခင်​လေး​ရှောင်းကျန့် ၁၈နှစ်ပြည့်တုန်းကရိုက်ထားတာ​လေ"

အိမ်​တော်ထိန်းKuက သူ့ကိုလိ​မ္မော်ရည်ခွက်​လေးချ​ပေးပြီး​ပြောလာသည်။

My Special Boyfriend [Complete]Where stories live. Discover now