_3_

11.5K 1K 27
                                    

{Uni}

အခန်းတံခါးကိုဖွင့်ပြီး ချောင်းကြည့်​တော့ အထဲတွင်မျက်မှန်​လေးတပ်ကာ အလုပ်လုပ်​နေသည့်ဖွားဖွားက မပင်ပန်းဘူးလားမသိ။ သုံးမကုန်​အောင် ရှိ​နေသည့်ငွေ​တွေကို ဘာလို့များအများကြီး ထပ်ရှာ​နေမှန်းစဥ်းစားမရပေ။

"ဖွားဖွား"

တံခါးနားတွင် ခေါင်း​လေးပြူကာ Puppy Eye ​လေးလုပ်ပြ၍ ​ခေါ်​နေသည့်မြေးဖြစ်သူကိုဖက်ကာ ​​မွှေး​မွှေး​တွေချည်းပေးချင်ပါ​သော်လည်း စိတ်ဆိုး​နေမှန်းသိ​အောင် နည်းနည်း​တော့မူပြရ​သေးသည်။

"ဖွားဖွားလို့.."

"......"

"ဖွား..."

လုပ်ပြီ လုပ်ပြီ။ ဖွား​​အေ၏ပုခုံး​ကို သူ့ပါး​​လေးနှင့်ပွတ်ပြီးချွဲ​နေသည့် သူမမြေး​လေးသည် သူမမျက်လုံးထဲတွင် ၅နှစ်သား​လေးလို့ပင်ထင်​နေမိသည်။

"ဘာလဲ။ မနက်က ဒီဖွားဖွားကိုခွင့်ပြု​အောင် ကြိုးစားမယ်လို့​ပြောသွားတာ ဒီလိုချွဲဖို့လား"

"ဖွားဖွားကလည်း သားကတကယ်ကိုကျောင်းသွားတက်ချင်တာပါလို့ဆို​နေ"

"ဖွားမယုံဘူး။​ နောက်ထပ် အ​ကြောင်းပြချက်​တွေရှိ​သေးတယ်မလား"

"ရှိတယ် ရှိတယ်။ မားနဲ့ပါးရှိ​နေတဲ့မြေမှာနေချင်​သေးလို့ပါ"

"​နောက်ဆုံး​တော့ ဒီအဖွားကြီးကိုပစ်ထားခဲ့ချင်ပြီ​ပေါ့"

"အာ..ဖွားဖွားကလည်း ခနခနပြန်လာ​တွေ့မှာ​ပေါ့"

"မယုံဘူး"

"ဖွားလို့.."

လက်​မောင်းကိုလှုပ်ရမ်းကာ အပီအပြင်ကိုချွဲ​နေသည့် ဤလူသားသည် အဟုတ်ပင် အသက်၂၀ပါတဲ့။ မည်သူကယုံမည်နည်း။

"ဖွားဘာလို့ မလွှတ်ချင်တာလဲဆိုတာ ​မြေးလည်းသိရဲ့သားနဲ့ကွယ်"

"သားသိပါတယ်။ ဒါ​ပေမယ့်လည်းဖွားရယ် ဒီအရာကြီးကိုပဲ စိတ်ထဲအမြဲစွဲသွား​တော့မှာလားဟင်။ စိတ်ထွက်​ပေါက်မရှာချင်ဘူးလား ဖွားဖွားရယ်။ အရမ်းမွန်းကျပ်​နေပြီ"

"ငါ့​မြေးရယ် ဒီမှာမ​ပျော်လို့လား။ ဖွားတို့ အိမ်​ပြောင်းပြီး ဒီထက်သာတဲ့နေရာမှာ ​ပျော်​ပျော်​နေကြမယ်​လေ"

My Special Boyfriend [Complete]Where stories live. Discover now