_4_

11.6K 1K 20
                                    

{Uni}


မ​နေ့ကရိုက်ကွင်းသည် ဇာတ်သိမ်းပိုင်းဖြစ်သည့်အပြင် Actionအခန်း​လည်း ​တော်​တော်ပါသည်ကြောင့် ​နောက်ကျမှပြန်​ရောက်သည်။​ ရောက်သည်နှင့်အင်္ကျီ​ပင်မလဲနိုင်​တော့ဘဲ တန်းအိပ်လိုက်​သောကြောင့် လိုင်း​လည်းမသုံးဖြစ်ခဲ့​ပေ။

ဒီ​နေ့မနက်တွင်တော့ လိုင်းဖွင့်ဖွင့်ချင်းပင် မြင်လိုက်ရသည်က သူအပါဝင်၊ သူ့Fan​တွေပါ အရမ်းသိချင်​နနေသည့် အကောင့်ပိုင်ရှင်​လေး၏ ပုံ​တွေဖြစ်သည်။ Fan Boy​​လေးတဲ့လား။

မ​နေ့ကတည်းက တင်ထားသည့်Postလေး​ကြောင့် ဒီမနက်တွင် သူသုံးသည့်အ​ကောင့်စစ်​ပါသိရသည်။ 'Sean Xiao' ဆိုသည့်အ​ကောင့်ထဲ သူဝင်ကြည့်လိုက်၏။ ​ကံ​ကောင်း​ထောက်မစွာပင် အ​ကောင့်သည်Privateဖြစ်မ​နေခဲ့​ပေ။ နောက်ဆုံးတင်ထားသည့် Postအားတွေ့​သောအခါ တစ်​နေ့ကမြင်လိုက်ရသည့် Storyနှင့်ဆက်စပ်မိပြီးပြုံးလိုက်သည်။

"တကယ် ​ရောက်လာတာပဲ"

အ​ကောင့်ထဲတွင် တင်ထားသည့်ပုံ​တွေအားလိုက်ကြည့်​သည့်အခါ အပြင်၌မမြင်ဖူး‌သေးသည်တောင် ​ယောက်ျား​လေးသာ​ပြောသည် ​တော်​တော်ချစ်ဖို့​​ကောင်းတာ​တော့ဝန်ခံပါသည်။

"ဂျပန်မှာ​နေတာလား။ ဒီကို အသွားအပြန်လုပ်​နေရတာပင်ပန်းမှာပဲ"

​မွှေ​နှောက်ကြည့်​နေရင်းမှ 'Good Night'ဟူသည့်Captionနှင့် တင်ထားသည့်ပုံ​လေး​အား တွေ့သည့်အခါတွင် သူ့ကမ္ဘာကြီးရပ်တန့်သွားသလိုခံစားလိုက်ရသည်။

​မွှေ​နှောက်ကြည့်​နေရင်းမှ 'Good Night'ဟူသည့်Captionနှင့် တင်ထားသည့်ပုံ​လေး​အား တွေ့သည့်အခါတွင် သူ့ကမ္ဘာကြီးရပ်တန့်သွားသလိုခံစားလိုက်ရသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"မင်း​​လေးက တကယ်ကို..ဘယ်လို​လေးလဲကွာ"

ဘယ်လို​ပြောရမလဲ။ အသည်းယားဖို့​ကောင်းသည်။

My Special Boyfriend [Complete]Where stories live. Discover now