Ep 1

8.9K 283 6
                                    

အပိုင်း (၁)

Jennie > omma မနက်ဖြန် သမီးမြို့ကိုသွားချင်ဘူး

Jennie mom > ဘာလို့လဲ

Jennie > သွားရင် omma နဲ့ခွဲရမှာပေါ့ ပြီးတော့ သမီးအိမ်မှာပဲနေချင်တယ်

Jennie mom > သမီးက အဆိုတော်ဖြစ်ချင်တာမလား ဒါဆို မြို့မှာအနုပညာကျောင်းတက်ပြီးတော့ သမီးအိပ်မက်ကို အကောင်အထည်ဖော်ရမှာပေါ့ ဘာလဲ တောမှာပဲနေချင်လို့လား

Jennie > မဟုတ်ပါဘူး ဒါပေမဲ့ သမီး ommaကို စိတ်မချဘူး

Jennie mom > အမလေး omma ကိုစိတ်မပူပါနဲ့ သွားစရာရှိတာသာသွား

ommaက စိတ်မပူနဲ့လို့ဆိုပေမဲ့ Jennieတစ်ယောက်စိတ်ပူနေရအုံးမှာပါဘဲ။ ဒီသားအမိနှစ်ယောက်ပဲရှိတာကို။ တောရွာလေးကနေ အထက်တန်းကျောင်းပြီးပြီဖြစ်တဲ့ Jennie တစ်ယောက် မနက်ဖြန်ဆိုရင်  မြို့ကျောင်းကိုပြောင်းရတော့မယ်။ omma နဲ့ရွာကိုခွဲရတော့မယ်ဆိုတဲ့စိတ်နဲ့ Jennieလေး ဝမ်းနည်းနေတာတော့အမှန်ပဲ ။

မနက်ခင်းမိုးသောက်တာနဲ့ Jennieနဲ့ သူ့အမေနှစ်ယောက်သား အထုပ်တွေဆွဲပြီး ကားဂိတ်ကိုလာခဲ့တယ်။ ကားမထွက်သေးတာကြောင့် ommaနဲ့ စကားပြောချိန်နည်းနည်းရခဲ့တယ်။

Jennie mom > ဟိုရောက်ရင် ommaကိုဖုန်းဆက်နော်

Jennie > Nae 

Jennie mom> ပြီးတော့ ကျန်းမာရေးလည်းဂရုစိုက် ထမင်းကိုပုံမှန်စား သိလား

Jennie > သိပါတယ် ommaလည်းဂရုစိုက်ပါ တစ်ခုခုဆိုဖုန်းဆက်နော် jen ချက်ချင်းပြေးလာခဲ့မယ်

Jennie mom > အေးပါ

တီး ...တီး.....တီး......

Jennie > အော။ ကားထွက်တော့မယ်ထင်တယ်

Jennie mom >  အင်း မြန်မြန်သွားတော့

Jennie > ဒါဆို သွားပြီနော် ရောက်ရင်ဖုန်းဆက်လိုက်မယ်

Jennie mom> အင်း

ကားကြီးထွက်သွားရာကို ငေးပြီးလက်ပြနှုတ်ဆက်ကာ ကျန်ခဲ့သော  မိခင်တစ်ယောက်ပါ။ သမီးလေးမြို့မှာကျောင်းတက်ရလို့ ပျော်ရွှင်နေပေမဲ့ အခုလိုမျိုးခွဲခွာရတော့လဲ ရင်ထဲမခံစားနိုင်ဘဲ မျက်ရည်များကျမိတာပါပဲ။

တိမ်တိုက်နှလုံးသား (JENLISA) CompleteWhere stories live. Discover now