Ep 10

1.9K 146 0
                                    

Lisaအဆောင်ကိုပြန်ရောက်တော့  အခန်းကသော့ခတ်ထားတယ်။ သော့လည်းယူသွားတယ် ထင်ပါရဲ့  အနီးအနားမှာရှာလို့မတွေ့ဘူး။

"ဒီကောင်မလေး ဘယ်တွေသွားနေပါလိမ့် ၊နေအုံး ငါဖုန်းခေါ်ကြည့်ရမယ်"
📲📲📲တီး..

"လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ သတ်မှတ်ချိန်အတွင်းပြန်လည်ဖြေကြားခြင်းမရှိပါသဖြင့် ......"

"အရေးထဲ ဖုန်းကလည်းမကိုင်ပြန်ဘူး "

Jisooတို့အခန်းကလည်း လူမရှိလို့သော့ခတ်ထားတယ်။ လူရှိတဲ့အခန်းခါကျတော့လည်း သိပ်မခင်ဘူး ။ ဒါကြောင့် Lisaတစ်ယောက် အခန်းရှေ့မှာပဲထိုင်ကာ ဖုန်းသုံးရင်း nini အပြန်ကိုစောင့်နေတယ်။

အစပိုင်းမှာ ဟာသပို့စ်လေးတွေကြည့်ပြီး တဟားဟားနဲ့ ရယ်နိုင်ပေမဲ့  " First date with 💙 " ဆိုတဲ့ captionနဲ့ တစ်စုံတစ်ယောက်က nini ရဲ့ အကောင့်ကို tag တွဲပြီးတင်ထားတဲ့ပို့စ်ကိုမြင်တော့ lili မပျော်နိုင်တော့ပါ။ ပုံထဲမှာ nini က သွားသေးသေးလေးတွေပေါ်တဲ့အထိ ၊မျက်လုံးလေးမှေးသွားတဲအထိအောင်ပြုံးပျော်နေတာတွေ့ရတယ်။  Jennieရဲ့ကောင်လေးကို သူမ _မနှစ်သက်ပေမဲ့  nini ရဲ့ပြုံးပျော်နေတဲ့မျက်နှာကိုတော့ သူမအင်မတန်မြတ်နိုးတယ်။ nini ကို အမြဲတမ်းပျော်နေစေချင်တယ်။

" မင်းပျော်နေရင် အရာအားလုံးအဆက်ပြေပါတယ် "လို့ တိုးတိုးလေးပြောပြီး ပြုံးလို့နေတယ်။ မျက်ရည်တွေကတော့ မြေခလျက်ပေါ့။

စောင့်နေတာ တစ်နာရီလောက်ရှိသွားပြီ nini ပြန်လာတော့မယ်ထင်တယ်လို့တွေးပြီး မျက်ရည်အမြန်သုတ်ကာ ဂိမ်းဆော့ပြီး အတွေးစကိုဖျက်လိုက်တယ်။ ဂိမ်းကိုအာရုံစိုက်နေတော့ သူမအတွက်အဆင်ပြေတယ်။

ဒါမဲ့ ဂိမ်းကိုအရမ်းကြီး အာရုံစိုက်နေတော့ Nini ပြန်လာတာကိုတောင်မသိလိုက်ဘူး။

Jennie > lili ဘယ်ကတည်းကရောက်နေတာလဲ ကျောင်းကမဖွင့်သေးဘူးလေ

Lisa > အဲ့တော့ ငါကကျောင်းဖွင့်မှလာရမှာလား

Jennie > မဟုတ်ပါဘူး ထူးဆန်းလို့ပါ

Lisa > အပိုတွေမပြောနဲ့ တံခါးဖွင့်တော့  စောင့်ရတာကြာလှပြီ

Jennie > အော် ဟုတ်သားပဲ

ဆိုပြီး အိတ်ထဲမှသော့လေးကိုအမြန်ဆွဲထုတ်ကာ တံခါးဖွင့်လိုက်တယ်။

Lisa > ဟူး....အခုမှဝင်ရတော့တယ်

Jennie > ဒီအထုပ်တွေကဘာတွေလဲ

Lisa > ထမင်းတွေပါ omma ထည့်ပေးလိုက်တာ

Jennie > ဖွင့်ကြည့်မယ်နော်

Lisa > ဖွင့်လေ

Jennie > ဝါး .....niniကြိုက်တဲ့ဟင်းတွေချည်းပဲ  nini စားလို့ရမလား

Lisa > နင့်ဘဲက နင့်ကိုဘာမှမကျွေးဘူးလား

Jennie > lili နော်😒

Lisa > စတာပါ စားပါစားပါ ဟိုဘက်ကဘူးထဲမှာလည်းရှိသေးတယ်ကြိုက်သလောက်စား

Jennie > ဟီးဟီး ....liliရေ တူတူစားမယ်လေ

Lisa > အင်း

ရော့ ဒါလေးစားကြည့်ဆိုပြီး Jennieရဲ့ပန်းကန်ထဲကို ကင်ချီထည့်ပေးလိုက်တယ်။

Lisa >ကောင်းလား

Jennie > အင်း (ပလုတ်ပလောင်းစားရင်း)

Jennie > liliပြောတော့ liliအမေက ထမင်း၊ဟင်းမချက်ဘူးဆို

Lisa > ဟုတ်တယ်လေ ဒါက အဒေါ်ကြီးချက်ပေးတာ

Jennie > အဒေါ်ကြီးဆို ဟင်းချက်ကျွမ်းကျင်မယ်ထင်တယ် ဒါပေမဲ့ ဒီပဲဟင်းက ဘာလို့ဆားငံနေတာလဲ

Lisa > အဲ့တာ ငါမချက်တတ်ချက်တတ်နဲ့ချက်ထားတာ

Jennie > ဝိုး.........lili က ဟင်းချက်တာလား ဒါဆိုအခု liliချက်တဲ့ဟင်းကိုစားနေရတာပေါ့ ဝါး...nini က ကမ္ဘာပေါ်မှာ ကံအထူးဆုံးလူပဲ အဟားဟားဟ

Lisa > စကားများလိုက်တာ တကယ်ပါပဲ

Jennie > lili ချက်တာစားလို့တော့ ကောင်းပါတယ်

Lisa > ဟုတ်လား နောက်ဆို အများကြီးချက်ကျွေးမယ်

Jennie > မဟုတ်တာဘဲ အားနာစရာကြီး (တကယ်တော့ ဆားငံတဲ့ဟင်းကို မစားနိုင်လို့😉)

တိမ်တိုက်နှလုံးသား (JENLISA) CompleteWhere stories live. Discover now