Ep 16

2K 161 1
                                    

အူမွ 😘ဘာမဆိုင်ညာမဆိုင် Lisa မှ Jennie ရဲ့ပါးကိုနမ်းလိုက်ခြင်းဖြစ်သည်။  နမ်းပြီးတော့လည်း ခပ်တည်တည်နဲ့မို့ Jennieလည်း ဘာမှမပြောသာ။

အူမွ😘 နောက်တစ်ကြိမ်ရောက်တော့ ဆရာဝင်လာသည်းနှင့်တည့်တည့်တိုးလေသည်။

အဟင်း ဆရာလည်ချောင်းရှင်းလိုက်ချိန်တွင် နှစ်ယောက်သားရှက်သလိုလို ကြောက်သလိုလိုနဲ့ စာကိုသာအာရုံစိုက်နေတော့သည်။ ဆရာလည်းစာဆက်သင်သည်။

Lisa > ခုနက ဆရာမြင်သွားလား

Jennie > ငါလည်းမသိဘူး

Teacher > ဒီအထိအားလုံးနားလည်လား

Students > Nae

ကျောင်းဆင်းတော့ လက်ချင်းချိတ်ပြီးပြန်လာကြတယ်။ သွားအတူ ၊လာအတူ ၊စားအတူ ၊အိပ်အတူ အရမ်းချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ပါ။ တစ်ယောက်နေမကောင်းဖြစ်ရင် တစ်ယောက်ကပြုစုပေးတယ်။ တစ်နေ့ Lisa ခေါင်းကိုက်ခြင်းဝေဒနာကိုအပြင်းအထန်ခံစားရလေသည်။ ကျောင်းမသွားနိုင်တာကြောင့် အဆောင်ထဲမှာပဲခွေနေသည်။ liliမပါဘဲ Jennieလည်းကျောင်းမသွားချင်ပေ။ Lisaဆေးသောက်ပြီးအိပ်ပျော်နေတယ်။ ခေါင်းကိုဖိကာ နာတယ်နာတယ်နဲ့ ခဏခဏညည်းနေတော့ Jennieလည်း Lisaနဘေးတွင်ဝင်ထိုင်ကာ ခေါင်းကိုလက်နဲ့နှိပ်နှယ်ပေးလိုက်တယ်။ ထိုအခါမှ lili လည်းကောင်းကောင်းအိပ်ပျော်နိုင်တော့တယ်။

Jennie > liliရေ့ မြန်မြန်နေကောင်းပါတော့  

ထိုနေ့က Jennieရဲ့ ကောင်းကင်မှာကြယ်တွေမလင်းလက်နိုင်ပါ။ ခါတိုင်းနဲ့မတူ နေ့ခင်းဘက်ကြီးအိပ်ပျော်နေတဲ့lili လေးကို ကြည့်ကာ ဝမ်းနည်းစိတ်တို့က ရင်ထဲလှိုက်တက်လာလေသည်။

တင်းတင်းကျပ်ကျပ်ဖိထားခံရတဲ့ဒဏ်ကြောင့်  Lisaနိူးလာပြီး ကြည့်လိုက်တော့ သူ့ကိုယ်ပေါ်မှာစောင်တွေအထပ်ထပ်ခြုံပေးထားတယ်။ ဒါမျှမပြီးသေး လက်နှင့်လည်းတင်းတင်းကျပ်ကျပ်ဖက်ထားသေးတယ်။

Lisa > ကလေးမ ကျောင်းမသွားဘူးလာ

Jennie > နိူးလာပြီလား

Lisa > အင်း အသက်ရှူကြပ်လို့ နည်းနည်းလောက်ဖယ်ပေးလို့ရမလား

Jennie > အော။။ စောနက အေးနေမယ်ထင်လို့ခြုံပေးထားတာပါ
Lisa > အခုပူနေပြီ

Jennie လည်း စောင်တစ်ထပ်နှစ်ထပ်ဖယ်ထုတ်လိုက်တယ်။

Jennie > သက်သာရဲ့လား

Lisa > အင်း နဲနဲတော့သက်သာသွားပြီ

Jennie > ဗိုက်ဆာလား ထမင်းစားမလား

Lisa > တော်ပြီ မစားတော့ဘူး

"ဘာလို့ကျောင်းမသွားတာလဲ" လေသံမာမာနဲ့မေးလိုက်တော့ nini လေး ဝမ်းနည်းသွားတယ်။

Jennie > ကျောင်းသွားလည်းစာလုပ်နိုင်မှာမှ မဟုတ်တာ ။ပြီးတော့ lili ကိုလည်း တစ်ယောက်တည်းမထားခဲ့ချင်ဘူး

Lisa > အရူးမ

အား.....ကျွီကျွီ ခေါင်းပြန်ကိုက်လာလေသည်။

Jennie > နေလည်းမကောင်းဘဲနဲ့ဟာကို  ဆေးခန်းသွားမလား

Lisa > ဟင့်အင်း စောင်ခြုံပြီးပြန်အိပ်သွားတယ်။

Nini လည်း လိမ်းဆေးဘူးကိုယူပြီး နားထင်နဲ့လည်ပင်းတစ်လျောက်ကိုပွတ်သပ်နှိပ်နှယ်ပေးလိုက်တယ်။ 

Lili အိပ်ပျော်သွားလိုက်တာများ ညသန်းခေါင်ရောက်တဲ့အထိပဲ ။ တစ်နေကုန် အိပ်ထားပြီမို့ဆက်မအိပ်နိုင်တော့ပေ။ခေါင်းကိုက်တာလဲပျောက်သွားပြီ။  ဗိုက်ဆာလို့ထကြည့်လိုက်တော့ မိမိနဘေးတွင်စောင်မပါ ၊ခေါင်းအုံးမပါဘဲ niniအိပ်ပျော်နေသည်။

Lisa > .....လုပ်ပြန်ပြီး ဒီကလေးမတော့

ခွေခွေကလေးအိပ်နေတဲ့ niniခန္တာကိုယ်ကို အသာလေးပွေ့ချီ၍ ခေါင်းအုံးပေါ်တွင် နေရာတကျအိပ်စေပြီးစောင်ခြုံပေးလိုက်သည်။ 

Lisa > ဟူး ၊......အခုမှပဲလူနဲ့တူတော့တယ်

တိမ်တိုက်နှလုံးသား (JENLISA) CompleteWhere stories live. Discover now