Ep 2

2.9K 197 0
                                    

Jennie တို့က ကျောင်းကအဆောင်မှာပဲနေရတာပါ။

အပြင်ကနေတက်လို့မရပါဘူး။ ဒါက ကျောင်းရဲ့စည်းကမ်းတွေ ထဲကတစ်ခုပေါ့။

အထုပ်တွေအများကြီးကိုသယ်ပြီး လမ်းလျှောက်လာခဲ့ရာ အခုဆိုရင် ကျောင်းရှေ့ကို ရောက်လာခဲ့ပြီး ဖြစ်တာကြောင့် ဝမ်းသာအားရနဲ့ Lisa စကားဆိုတယ်။

Lisa > ကျောင်းရှေ့တော့ရောက်ပြီ ငါတို့နေရမယ့်အဆောင် သွားကြည့်ရအောင်

Jennie > အင်း သွားမယ်

ကျောင်းအဝင်ပေါက်နဘေးက ဧည့်တွေ့ဆောင်ရဲ့ whiteboard ပေါ်မှာ သင်တန်းသူ/သား များရဲ့အမည်ရယ်၊ နေရမယ့်အဆောင်ရယ်၊ အခန်းနံပါတ်တွေကပ်ထားတာကြောင့် Lisa &Jennieလည်း သူတို့နာမည်တွေ အသီးသီးရှာကြတာပေါ့။ လူတွေကများတော့ ရှာရခက်နေလေရဲ့။

Jennie > တွေ့ပြီလား

Lisa > အတွေ့သေးဘူး

Jennie >😑

ဆက်ရှာနေရင်း Jennieပြုံးပျော်သွားတယ်။ အား ငါ့နာမည်တွေပြီ ငါက သဇင်ဆောင် အခန်းနံပါတ် ၃၇ တဲ့၊
ဒါက တစ်ခန်းကိုနှစ်ယောက်နေတာပဲ ငါ့ရဲ့အခန်းဖော်က Lalisa တဲ့ ဝါး... ထူးဆန်းလိုက်တာ

ထိုစကားကြားတော့ Lisaလည်း သူတို့နောက်နေတာထင်ပြီး

Lisa > နောက်မနေနဲ့ ဒီမှာငါ့နာမည်မတွေ့သေးလို့စိတ်ညစ်နေရတဲ့အထဲ

Jennie > နင့်နာမည်က ဒီမှာလေ နင်ဘယ်တွေလိုက်ရှာနေတာတုန်း

Lisa > ဘယ်မှာလဲ

Jennieညွှန်ရာကိုကြည့်လိုက်တော့ သူ့နာမည်ကိုတွေ့သွားတယ်။
Lisa > ဟုတ်သားပဲ နင်နဲ့ငါကတစ်ခန်းထဲပဲ

Jennie > အဲ့မှာလေ ငါမနောက်ပါဘူးဆို

Lisa > အေးပါ သွားရအောင်

သူတို့နေရမယ့်အဆောင်ဆီကို အထုပ်တွေဆွဲပြီးသွားခဲ့ကြတယ်။ ရောက်တော့ အခန်းသန့်ရှင်းရေးလုပ်ပြီး အထုပ်တွေကိုနေရာချလည်းပြီးရော အချိန်မှာ မွန်းလွဲပိုင်းသို့ရောက်နေပြီ။

Lisa > ဗိုက်ဆာတယ်

Jennie > ဗိုက်ဆာနေတာလား ခဏလေး ommaထည့်ပေးလိုက်တဲ့ ထမင်းဘူးရှိတယ်

တိမ်တိုက်နှလုံးသား (JENLISA) CompleteWhere stories live. Discover now