Ep 4

2K 170 0
                                    


အပိုင်း (၄)

ကျောင်းဖွင့်တာ တစ်ပတ်လောက်လည်းရှိရော ကျောင်းကပေးတဲ့အိမ်စာတွေ ၊ activityတွေကို အတူတူလုပ်ရင်း သူငယ်ချင်းတွေလည်းအတန်အသင့်ရနေကြပြီ။ အဲ့ဒီထဲမှာမှ jisoo လို့့အမည်ရတဲ့ ဘေးအခန်းကကောင်မလေးက Jennieနဲ့အတော်လေးခင်တယ် ။ညဘက်ဆိုJennie &Lisa တို့ရဲ့အခန်းကိုလည်းလာလည်လေ့ရှိတယ်။

အခုလည်း Jennie ဆီကို စာလာမေးမလို့ ဝင်လာတာ စောင်ကိုခေါင်းမြီးခြုံပြီးအိပ်နေတဲ့ Lisaကိုမြင်တော့ အံ့သြသွားတယ်။

Jisoo > သူက အိပ်နေပြီလား

Jennie > ဟုတ်မှာပေါ့

Jisoo > ဒါနဲ့ နင် အင်္ဂလိပ်စာ Assignment ရေးလို့ ပြီးပြီလာ

Jennie > အင်း ပြီးပြီ

Jisoo > ငါ့ကိုပေးကူး😁

Jennie > အင်း ရပါတယ်

ရော့ Jennieက သူရဲ့ assignmentစာအုပ်ကို ပေးလိုက်တယ်။

Jisoo > ကျေးဇူးပဲ ငါဒီညနင့်စာအုပ်ငှားထားမယ်နော်

Jennie > အင်း

စာအုပ်ငှားလို့ပြီးတော့Jisoo ထွက်သွားလေသည်။ Lisa  အိပ်နေတော့ Jennie တစ်ယောက်တည်းအဖော်မဲ့စွာ မနေချင်တာနဲ့

Jennie > lisa နင်စာမကျက်ဘူးလာ

Lisa >  ဟင့်အင်း ငါအိပ်ပြီ
(စောင်အောက်မှ အိပ်ချင်မူးတူးအသံဖြင့်)

Jennie > အစောကြီးရှိသေးတာ နေမကောင်းဘူးလာ

Lisa > မဟုတ်ပါဘူး 

ရုတ်တရက်စောင်ကိုခွာပြီးဆတ်ကနဲထထိုင်ကာ
" Jennie နင်ပြောတော့ နင်မှာရည်းစားရှိတယ်ဆို ဖုန်းပြောတာလဲ တစ်ခါမှမတွေ့ဘူး " လို့ နားမလည်စွာမေးလိုက်လေသည်။

Jennie > ဘယ်တွေ့မလဲ ငါ့မှာရည်းစားမှတကယ်မရှိတာ

Lisa > ဘာလို့မရှိတာလဲ

Jennie > ကြိုက်မယ့်သူမရှိလို့

Lisa > ဒီရုပ်ကလား လျှောက်အာမနေနဲ့

Jennie > တကယ် ။ အော် Lisa ငါ့မှာ crushတစ်ယောက်ရှိတယ် သိလာ။

Lisa > မသိပါဘူး ။ ဘယ်သူလဲ။

Jennie > သူကဘယ်သူဘယ်ဝါမှန်းတော့ငါလည်းမသိဘူးဟ။ ဒါပေမဲ့ ငါသူ့ကိုချစ်နေတာတော့သေချာတယ် ဟိ။  ငါသူ့ကိုစတွေ့တာကတော့ ဒီကိုလာတုန်းက ကားပေါ်တွေ့တာ။သူက ငါ့ကိုလက်ကိုင်ပုဝါကမ်းပေးတယ်လေ။ ဘာလို့လဲဆို အဲ့ဒီအချိန်တုန်းက ငါငိုနေတာလေ။ သဘောကောင်းတယ် ပြီးတော့ သူရဲ့အပြုံးတွေက ငါ့စိတ်ကိုဖမ်းစားနိုင်တယ်။ ဟိဟိ ...ပြောရင်းနဲ့ ရင်တွေတောင်ခုန်လာပြီ။

တိမ်တိုက်နှလုံးသား (JENLISA) CompleteWhere stories live. Discover now