Ep 11

1.9K 167 3
                                    

စားပြီးသောက်ပြီးတော့ ညနေစောင်းနေပြီ။ ကျောင်းပိတ်ရက်မို့ စာလုပ်စရာလည်းမရှိပေ။ nini ဖုန်းကလည်း အားကုန်နေပြီ။ ဘဝမှာလမ်းအပျောက်ဆုံးအချိန်က ဖုန်းအားသွင်းနေတဲ့အချိန်ပဲ ။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ကုတင်ထက်တွင်သာ nini ငုတ်တုတ်ထိုင်နေသည်။ ပျင်းလွန်းလို့သေပါတော့မယ်။ Lili ကလည်း ဂိမ်းဆော့နေလိုက်တာများ ဘေးမှာလူရှိမှန်းတောင်သိလားမသိ။ဒါကြောင့် ချေပုစိတ်တိုပြီ

"Lili"

"အစ်....လန့်လိုက်တာ ဘာလို့လဲ ဘာလို့အဲ့လောက်အော်တာလဲ"

"ဘေးမှာ nini ရှိနေတာကောသိလား"

"သိတယ်လေ"

"အဲ့ဆိုဂိမ်းမဆော့နဲ့"

"ဘာလို့မဆော့ရမှာလဲ" ဂိမ်းနှိပ်ရင်းပြေားနေတာ။

"အေး အဲ့မှာဆော့နေလိုက်" အော်ပြီး ထွက်သွားလေသည်။

"ဒီအပု ဘယ်လိုဖြစ်တာပါလိမ့် " lili တွေးရင်းဂိမ်းဆက်ဆော့။
"ရှုံးပြီ။ ထပ်ရှူံးပြန်ပြီး။ အား........"သေချာတာကတော့ စိတ်ကniniဆီရောက်နေပြီ။ ဒါကြောင့် liliလည်း မနိုင်တဲ့ဂိမ်းကို ဆက်မဆော့တော့ဘဲ nini ကိုလိုက်ရှာလေတယ်။

နေရာအနှံ့လိုက်ရှာပေမယ့် niniရဲ့ အရိပ်တောင် မတွေ့ခဲ့ပေ။ "ဘယ်ရောက်သွားတာပါလိမ့်" မတွေ့တဲ့အဆုံး အခန်းထဲကိုပဲပြန်လာခဲ့လိုက်တယ်။

မထင်မှတ်ပဲ အခန်းထဲတွင် အချေမျက်နှာနဲ့ ခပ်တည်တည်ထိုင်နေတဲ့ Jennie ကို ရုတ်တရက်မြင်လိုက်တာကြောင့် lili မှာ ထိတ်လန့်ပြီး ထအော်မိလေသည်။

Jennie > ဘာလဲ

Lisa > ဘာမှမဟုတ်ပါဘူး

Jennie > ဘယ်ကပြန်လာတာလဲ

Lisa > nini ကို လိုက်ရှာတာလေ တစ်ဆောင်လုံးတောင်နှံ့နေပြီ

Jennie > hahaha

Lisa > အတည်ပြောတာ ဒါနဲ့ခုနက nini ဘယ်သွားတာလဲ

Jennie > nini သွားတာက ........အိမ်သာ

Lisa > WTF

Jennie > တော်တော်ရှာလိုက်ရတာလား စိတ်မကောင်းပါဘူး

Lisa > တော်ပြီ ငါအိပ်တော့မယ်

Jennie > အစောကြီးရှိသေးတာကို ဇာတ်ကားကြည့်ရအောင်လေ niniဖုန်းကအားမရှိသေးလို့

Lisa > အေးပါ

Lisa နဲ့Jennie တို့နှစ်ယောက်သား အိပ်ရင်းနဲ့ ဇာတ်ကားကြည့်နေကြတယ်။ ဘာကားလဲဆိုရင် သရဲကား။

"ဝူး.................ဝီး...............ဝူး......"အဲ့အသံတွေကြားတိုင်း niniရဲ့ခေါင်းက Lisaလည်ပင်းနားအထိ ရောက်ရောက်လာတတ်တယ်။ ကြောင်းလေးတစ်ကောင်လို lili ကို တွယ်ဖက်ထားတယ်။ မျက်လုံးတွေလည်း စုံမှိတ်ထားတယ်။ အံကိုလည်းကြိတ်ထားသေးတယ်။

Lisa ကတော့  nini အပြုအမူတွေကြောင့် ရင်ခုန်နေလို့ သရဲတောင်မကြောက်နိုင်တော့ဘူး။
"ဒီပိစိ ရင်ခုန်အောင် သိပ်လုပ်တာပဲ"

ကြည့်ရင်းကြည့်ရင်းနဲ့ သရဲကားက ပြီးသွားပြီ ။ liliအနားမှာ တွယ်ကပ်ပြီး အိပ်နေတဲ့ niniက မနိုးသေးပေ။

" nini ...nini လို့ အသာလေးနိုးလိုက်တယ်။ အိမ်မောကျနေတဲ့ nini ကတော့ ကြားပုံမပေါ်။ ဒါကြောင့် niniနဖူးလေးကို တစ်ချက်နမ်းကာ ဖက်အိပ်လိုက်တယ်။(လစ်ကြီးနော်😒)

အိမ်ပျော်နေစဉ် အနမ်းခံရတာက လူတစ်ယောက်ရဲ့စိတ်ခံစားချက်ကိုကောင်းမွန်စေတယ်။ အိမ်မက်လိုလို၊ တကယ်လိုလိုနဲ့ မျက်လုံးမဖွင့်ပေမယ့် nini နှုတ်ခမ်းကတော့အနည်းငယ်ပြုံးမိသွားတယ်။ lili ရဲ့ အနမ်းကို သူမတကယ်နှစ်သက်တယ်။

ဒီလိုနဲ့အိပ်လိုက်တာ မိုးတောင်လင်းသွားတယ်။ Lisaမျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့လက်ပေါ်မှာniniအိပ်နေသေးတယ်။ ပြုံးမလို့ရှိသေး ဟိုကလှူပ်လာတော့ ပြန်ပြီးအိပ်ပျော်ချင်ယောင်ဆောင်လိုက်တယ်။ ဒါကို အခုမှနိုးလာတဲ့ niniက မသိဘဲ Lisaမျက်နှာ၊ နှာခေါင်းစသည်တို့ကို လက်ညိုးလေးနဲ့နိပ်ကစားနေရင်း ပြုံးပျော်နေတယ်။ 

အရမ်းယားလာလို့ Lisaလည်း မခံနိုင်ဘဲ "ဘာလုပ်နေတာလဲ ယားတယ်" မနိူးချင်သော်လည်း နိူးလိုက်ရတယ်။

Jennie > မနေ့ကသရဲကားပြီးသွားပြီလား

Lisa > မပြီးသေးဘူး တစ်ဝက်လောက်ဘဲရောက်သေးတာ niniအိပ်ပျော်သွားတော့ တစ်ယောက်ထဲမကြည့်ရဲလို့ပိတ်လိုက်တာ ညကျရင်ဆက်ကြည့်မယ်လေ

(လစ်ကြီးရှင့်အကြံ ကျမသိတယ်နော်)

Jennie > အင်း
" ဒါနဲ့အိပ်လို့ကောင်းလိုက်တာ " ဆိုပြီး liliရင်ခွင်ထဲ တိုးဝင်ပြီးချွဲနေပြန်တယ်။

Lisa > ထတော့လေ

လူ့ရဲ့သဘောက ထတော့လို့ပြောရင် ပိုပြီးအိပ်ချင်တာ။

Jennie > ၅မိနစ်ပဲ ဆက်အိပ်ပါရစေ

Lisa > အင်း

တစ်သက်လုံးမအိပ်ချင်ဘူးလားလို့ မေးလိုက်ချင်ပေမဲ့ စကားတွေဆွံ့အနေခဲ့လို့ " အင်း "တစ်လုံးထဲပဲပြောနိုင်ခဲ့တယ်။

တိမ်တိုက်နှလုံးသား (JENLISA) CompleteWhere stories live. Discover now