Ep 9

1.8K 152 4
                                    

Lisa > omma မနက်ဖြန် သမီးကျောင်းပြန်သွားလို့ရမလား

Lisa mom > ဘာလို့လဲ ကျောင်းက (၃)ရက်တောင်ပိတ်တာမဟုတ်ဘူးလာ

Lisa > အော ဒါပေမဲ့ သမီးလုပ်စရာတွေရှိသေးလို့

Lisa mom > နင် ကောင်လေးရနေတာလား

Lisa > မဟုတ်ပါဘူး

မသင်္ကာတဲ့မျက်လုံးနဲ့ မေးနေတော့ liliလည်း ကောက်ကာငင်ကာ ငြင်းလိုက်ရတာပေါ့။

Lisa mom > အေးပါ သွားချင်တယ်ဆိုလဲ ညနေမှသွား ommaလိုက်ပို့ပေးမယ်

Lisa > Nae

Lisa mom > အခုကုမ္ပဏီမှာ အရေးကြီးကိစ္စရှိလို့သွားရအုံးမယ်

(အမေ့ကုမ္ပဏီကလည်းအမြဲတမ်းအရေးကြီးနေတာပဲနော်)

Lisa mom> ဘာပြောတယ်

Lisa > မဟုတ်ပါဘူး ကောင်းကောင်းသွားပါ omma

Lisa omma လည်း မျက်စောင်းတစ်ချက်ထိုးကာ ထွက်သွားလိုက်တာ တံခါးနားရောက်တော့ "ommaစောစောပြန်ခဲ့နော်" ဆိုတဲ့ liliအသံစူးစူးရှရှကို ကြားရတာကြောင့်

"ဒီကလေးတစ်ခုခုတော့ တစ်ခုခုပဲ "လို့ တစ်ချက်တွေးလိုက်ပြီး ကုမ္ပဏီကိုသာဆက်သွားလိုက်တယ်။

" OK ,ommaနဲ့က အဆင်ပြေသွားပြီး ။နေအုံး ငါniniအတွက် ဘာယူသွားပေးရင် ကောင်းမလဲ စဉ်းစားစမ်းစဉ်းစားစမ်း " ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ စဉ်းစားနေလေရဲ့။

📲📲📲📲

Jennie > hello

Bam Bam > Jennie လား

Jennie > Nae

Bam Bam > အပြင်ထွက်ခဲ့ အဆောင်ရှေ့မှာစောင့်နေတယ်

ချက်ချင်းဖုန်းချသွားတာကြောင့် Jennieလည်း ဘာမှပြန်ပြောချိန်မရလိုက်ဘဲ အောက်ကိုသာဆင်းလာခဲ့တယ်။ အဆောင်ရှေ့ရောက်တော့  သူမကိုကျောပေးပြီးရပ်နေတဲ့ ကောင်လေးကိုမြင်လေသည်။

" ဘာကိစ္စရှိလို့လဲ"

Jennieရဲ့အသံကြားတော့လှည့်ကြည့်လာပြီးပြုံးပြလိုက်တယ်။

"ကစားကွင်းသွားဖို့လာခေါ်တာ"

"ရှင်"

"ဘာလဲ အဆင်မပြေဘူးလား"

တိမ်တိုက်နှလုံးသား (JENLISA) CompleteOù les histoires vivent. Découvrez maintenant